အမေရိကန် အိုင်ဒေါလ် ထိပ်သီးစာရင်းဝင် ဂေးလ် အဆိုရှင်

alt

အင်္ဂါနေ့ များနှင့် ဗုဒ္ဓဟူးနေ့ များတွင် အမေရိကန်နိုင်ငံ နှင့် ကမာ္ဘနိုင်ငံ အတော် များများမှ သန်းနှင့်ချီသော ပြည်သူများ စောင့်ကြည့် နေသည်မှာ ၂လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော အမေရိကန် အိုင်ဒေါလ် သီချင်းဆို ပြိုင်ပွဲတွင် ထိပ်တန်း ဇကာတင် ၈ ဦး  ထဲမှ အဒမ် လန်းဘတ် မှာ

နပုန်းပဏ္ဍုက် ( Gay ) ဖြစ်နေသောကြောင့် အဒမ် လန်းဘတ်၏ စာရိတ္တမဏ္ဍိုင် အား စောင့့်ကြည့် ဝေဖန်နေကြသည် ဟု အေဘီစီ သတင်းဋ္ဌာနကြီးက ဖေါ်ပြထားသည်။

မျက်နှာတွင် အိုင်းရှဲလ်ဒိုးများ ဆွဲထား၍ ပန့်ခ် စတိုင် ဝတ်စားဆင်ယင်ကာ ဟဲဗီးရော့ခ် တေးသွားများနှင့် ပြိုင်ဖက်များအား ဖြတ်ကျော်လာခဲ့သော အဒမ် မှာမူ “အင်တာနက် ဝဘ် စာမျက်နှာပေါ်က ကျနော့ ရဲ့ပုံတွေမှာ မိန်းကလေးကိုပဲ နမ်း နမ်း၊ ယောကျ်ားလေးပဲ နမ်း နမ်း ဒီပြိုင်ပွဲ အတွက် ဒါတွေက အကျိုးသက်ရောက်မှု ရှိစေမှာ မဟုတ်ပါဖူး” ဟု ဖြေဆိုလိုက်သည်။

လူသိရှင်ကြား နပုလိင်ဟု မကြေညာ သေးသော်လည်း အမေရိကန် အိုင်ဒေါလ် ပြိုင်ပွဲ ပြီးဆုံးကာနီး ထိပ်တန်း အဆင့်သို့ ဝင်လာကာမှ လှောင်ပြောင်ထုတ်ဖေါ် ပြောဆိုသည့် သဘောဖြင့် votefortheworst.com ဝဘ်ဆိုဒ်မှ အဒမ်၏ပုံများ ဝေဝေဆာဆာ ဖေါ်ပြလိုက်သဖြင့် အိုင်ဒေါလ် ပရိသတ်များအကြား အုတ်အော်သောင်းတင်း ဖြစ်ရကာ ယမန်နေ့က ဟောလီးဝုဒ် အနုပညာ ပြပွဲတခုသို့ တက်ရောက်လာသော အဒမ်က ” ကျနော့်မှာ ဖုံးကွယ်ထားစရာ ဘာမှ မရှိပါဖူး၊ ကျနော်ဟာ ကျနော်ပါပဲ .. “ဟု သီချင်းလေး ငြီးသလို ပြန်ဖြေဆိုသည်ဟု ဟောလီးဝုဒ် သတင်းများတွင် ဖေါ်ပြထားသည်။

အမေရိကန် အိုင်ဒေါလ် အရှိန်အဝါ ဩဇာမှာ အကျိုးသက်ရောက်မှု ကြီးသလို ယမန်နှစ်က အိုင်ဒေါလ်ဘွဲ့ ရသွားသော ဒေးဗစ် ကုခ် နှင့် လူကြိုက်များသော်လည်း ဒုတိယနေရာ၌  နှစ်သိမ့် ကြေနပ်လိုက်ရသူ ဒေးဗစ် အာခြူ လေလာမှာ ယခုနှစ် အရောင်းရဆုံး တေးဂီတ အယ်လ်ဘမ် ဘီးလ်ဘုတ် စာရင်းတွင် နံပါတ် ၁၀ အတွင်း ၂ဦးလုံး ချိတ်ထားနိုင်ခဲ့ သဖြင့် ဝင်ငွေ သောက်သောက်လဲ ရရှိကာ ယခုနှစ်တွင် အိုင်ဒေါလ်မှာ ပို၍ အရှိန်အဝါ ကြီးမား၍ လူကြိုက်များလာရခြင်း  ဖြစ်သည်ဟု သိရှိရသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here