နံမည်ကျော်် UCLA တက္ကသိုလ် ကျောင်းသားများ ၏ မြန်မာပြည် အတွက် ရံပုံငွေ ဂီတကွန်ဆတ်

alt

လာမည့် ဧပြီလ (၂၁) ရက်နေ့ အင်္ဂါနေ့တွင် ထောင်နှင့်ချီသော လော့(စ်)အိန်ဂျလိ(စ်) တက္ကသိုလ် ကွန်မြူနတီ အဖွဲ့ဝင် ကျောင်းသားများ နှစ်ပတ်လည် ၃ ကြိမ်မြောက် လူ့အခွင့်အရေး နှိုးဆော်သည့် ဂီတ ကွန်ဆတ် ပွဲတော် UCLA တက္ကသိုလ် ပရိဝုဏ်ဝန်း အတွင်း ကျင်းပမည်ဟု သိရှိရသည်။

ထို တက္ကသိုလ် ကျောင်းသားများ ဦးဆောင်လှုပ်ရှားသည့် Nonprofit ဂီတကွန်ဆတ် သည် နှစ်စဉ်လူ ၂၀၀၀ ကျော် တက်ရောက်ရာမှ တက္ကသိုလ်၏ အစဉ်အလာ ပွဲတော်သဖွယ် အဖြစ်သို့ တဟုန်ထိုး တိုးတက် ရောက်ရှိလာကာ ယမန်နှစ်က ထိုပွဲတော်မှ ရရှိသော ဒေါ်လာ ၂ သောင်းကျော်အား ဆူဒန်နိုင်ငံ ဒါဖေါဒေသမှ လူမျိုးဖြုတ် သုတ်သင် သတ်ဖြတ် ခံရသော ဒုက္ခသည်များအတွက် လှူဒါန်းနိုင်ခဲ့ပြီး၊ ယခုနှစ်တွင် လူအခွင့်အရေး ဆိတ်သုန်းသော မြန်မာနိုင်ငံအား အမေရိကန် ကျောင်းသူ/ ကျောင်းသားများအား မီးမောင်းထိုး ပြသောအားဖြင့် မြန်မာနိုင်ငံ အတွက် ရည်စူးပြုလုပ်ရခြင်း ဖြစ်သည်ဟု ဒေသတွင်း ညနေထုတ် ဟဖ်ဖင်တန် သတင်းစာတွင် ဖေါ်ပြထားသည်။

ထို ဂီတပွဲတော်တွင် ၄၃ နှစ်ကြာ စစ်အာဏာရှင် လက်အောက်မှ လူ့အခွင့်ရေး ဆုံးရှုံးမှုများ ဖြစ်သော လူနည်းစု တိုင်းရင်းသားများ၏ အရေး၊ အင်အားသုံး မုဒိမ်းမှုများ၊ အဓမ္မ လုပ်အားပေး၊ အတင်း အကြပ်နေရာဒေသ ရွှေ့ပြောင်းစေမှု၊ ခလေး စစ်သားများ အကြောင်း တို့အား အော်ရီဂန် ပြည်နယ်မှ မြန်မာ့ အရေး ကျွမ်းကျင်သူ အမေရိကန် စာရေးဆရာမ အီးဒစ် မရန်းတီး နှင့် မင်းဇင်၊ ခင်ဥမ္မာတို့မှ ရှင်းပြ ဆော်ဩမည် ဖြစ်ပြီး သံဃာ့ဥသျှောင်မှ ပေးပို့သော သဝဏ်လွှာ လည်း ဖတ်ကြားမည်ဟု သိရှိရသည်။

ထိုမာလ်တီ မီဒီယာ ကွန်ဆတ်တွင် အီလက်ထရောနစ် တေးဂီတ ပညာရှင်အစုံနှင့် မျိုးဆက် အသီးသီး တို့မှ အနုပညာရှင်များလဲ ပါဝင်မည်ဟု သိရှိရပြီး Blackalicious, Daphne Loves Derby, Audible Mainframe, Jarell Perry, and Brandon Contreras တို့က အဓိကထား ဖျော်ဖြေမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here