ထိုင်းအင်္ကျီ အဝါရောင် လှုပ်ရှားမှု ခေါင်းဆောင် မီဒီယာသူဋ္ဌေးကြီး သေနတ်ပစ်ခတ် လုပ်ကြံခံရ

alt
alt

ထိုင်းနိုင်ငံ ရှပ်အင်္ကျီ အဝါရောင် ဝတ်ဆင်လှုပ်ရှားမှုဖြင့် လွန်ခဲ့သော နှစ်ကုန် လများက ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်အား နောက်ကွယ်မှ ကြိုးကိုင်၍ စီးနင်းခဲ့သူ PAD ခေါင်းဆောင်သည် ယမန်နေ့ နံနက် အစောပိုင်းက သေနတ်ပစ်ခတ် ခံရ၍ ဒါဏ်ရာရရှိသွား သည်ဟု သိရှိရသည်။

ကြာသပတေးနေ့ နံနက် အစောပိုင်း ထိုင်းစံတော်ချိန် မနက် ၅နာရီ ( GMT 2200 ) က ဘန်ကောက်မြို့တော် ဗဟိုဘဏ် နှင့် ဆန်းစန် လမ်းမ ဓါတ်ဆီဆိုင် တခု အနီးတွင်  သူပိုင် ASTV စတေရှင်သို့ တယ်လီဗေးရှင်း ရိုက်ကူးရန် သွားသော မစ္စတာ ဆွန်ထိ လင်မ်သွန်ခူးလ် စီးနင်း လိုက်ပါလာသော အနက်ရောင် ဗင်ကားအား သေနတ်သမား ၂ဦးက အမ်၁၆ နှင့် အေကေ ၄၇ သေနတ် ၂လက်ဖြင့်  ဝိုင်းညှပ်၍ အချက်ပေါင်း ရာနှင့်ချီ ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း မစ္စတာ ဆွန်ထိမှမူ ပြင်းထန်စွာ ဒါဏ်ရာမရရှိခဲ့ဟု သိရှိရသည်။

သူ၏ ကိုယ်ရေး လက်ထောက်နှင့် ကားဒရိုင်ဘာ တို့မှာ ထိခိုက် အနာတရ ပြင်းထန်စွာ ရရှိပြီး ကားဒရိုင်ဘာမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကာ မစ္စတာဆွန်ထိမှာမူ ယနေ့ သောကြာနေ့ နေ့ခင်းမှ ထိခိုက်ထားသော သေနတ်ဒါဏ်ရာများအား ခွဲစိတ်ကုသမှု ပြီးစီးမည် ဖြစ်သည်ဟု သူ၏ People’s Alliance for Democracy (PAD) ပြောရေးဆိုခွင့်ရှိသူ ပန်သစ် ပူအာရ်ပေါင်ပန်မှ ယနေ့ သတင်းထုတ်ပြန် ကြေညာလိုက်သည်။

ယခင် ကတည်းကပင် မစ္စတာ ဆွန်ထိ၏ နောက်ကွယ်တွင် ထိုင်းတော်ဝင် မိသားစုများ၊ ထိုင်း တပ်မတော် အရာရှိဟောင်းကြီးများ၊ ထိုင်းပါလီမန် လွှတ်တော် အမတ်အချို့ နှင့် မြို့တော် ဘန်ကောက်ရှိ ပညာတတ် လူလတ်တန်းစားများ အပြည့်အဝ ထောက်ခံထားကြကာ ယခင် ဝန်ကြီးချုပ်ဟောင်း တယ်လီကွန် မာလ်တီ ဘီလျံနာ သူဋ္ဌေးကြီး သက်ဆင်ရှင်နာ ဝထ္ထရာအား ထိုင်းနိုင်ငံမှ ပြည်ပြေး ဘဝရောက်အောင် တွန်းပို့ရာတွင် အထောက်အပံ့ပြုသူဟု သက်ဆင်အစိုးရ လိုလားသူ ရှပ်အင်္ကျီ အနီဝတ် တောနေ လူတန်းစားများက တထစ်ချ ယုံကြည်ထားခြင်း ခံရသူဖြစ်သည်။

မစ္စတာ ဆွန်ထိသည် ပီအေဒီ အား ၂၀၀၅ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး၊ ရှပ်အင်္ကျီ အဝါရောင် လှုပ်ရှားမှုဖြင့် သက်ဆင် အစိုးရ အရိပ်အာဝါသ မကင်း၍ ဩဇာညောင်းသည်ဟု ဆိုသော ယခင် ဘန်ကောက်မြို့တော်ဝန် စမတ် နှင့် သက်ဆင်၏ မယားညီအကို အစိုးရ ၂ဆက်တိုင်တိုင် ဖြုတ်ချနိုင်ခဲ့သည့် ထိုင်းမီဒီယာ လုပ်ငန်းရှင် သူဋ္ဌေးကြီးတဦး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here