နစ္စတယ်ရွိုင်း အင်္ဂလန် ပြန်ရောက်မည်လား

alt

မန်ချက်စတာ ယူနိုက်တက် နှင့် အတူ အင်္ဂလန် ပရီးမီးယား လိဂ်တွင် အောင်မြင်မှုများ ရရှိခဲ့ဖူးသည့် ဟော်လန် လက်ရွေးစင် တိုက်စစ်မှူးကြီး ရုဗန် နစ္စတယ်ရွိုင်း သည် အင်္ဂလန်သို့ တကျော့ ပြန်လာရန် နီးစပ်နေကြောင်း သိရသည်။ 

စပိန် လာလီဂါ ချန်ပီယံ ရီးရဲလ် မက်ဒရစ်တွင် အကောင်းဆုံး ခြေစွမ်း ပြနေပြီးမှ ဒါဏ်ရာကြောင့် အနားယူ နေရသော နစ္စတယ်ရွိုင်း ကို တော့တင်ဟမ် ဟော့စပါး၊ နယူးကာဆယ် ယူနိုက်တက် နှင့် မန်ချက်စတာ စီးတီး တို့က အလိုရှိ နေကြသည်။

ရီးရဲလ် အသင်း သည် ရာသီသစ်တွင် အသင်းအား အသစ်ပြန်လည် ဖွဲ့စည်းဖွယ် ရှိရာ နစ္စတယ်ရွိုင်း အပါအဝင် ကစားသမား အတော်များများ ကို ထွက်ခွာ ခွင့်ပြုရန် အလားအလာ များ နေသော ကြောင့် ဟော်လန် တိုက်စစ်မှူးကြီး အနေနှင့် အင်္ဂလန်တွင် တကျော့ပြန် ခြေချ လာရန် နီးစပ်နေကြောင်း သတင်းများ က ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here