နီကာရာဂွာ သံတမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် မည့် ပြည်ပြေး သက်ဆင်

alt
alt

ထိုင်းနိုင်ငံ အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် အခြေအနေ များကို ဖြစ်ပေါ် စေရန် ကြံစည်ကျိုးစား အားပေး ကူညီခဲ့မှု ဖြင့် မနေ့က ( ဗုဒ္ဓဟူး ) ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နဝတ်၏ နိုင်ငံကူး လက်မှတ် ဖျက်သိမ်း လိုက်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ ပါတယ်။

အဲလို ဖျက်သိမ်းခံရပြီး အချိန်မှာ ဗဟိုအမေရိက တိုက်နိုင်ငံ တခုဖြစ်တဲ့ နီကာရာဂွာ အစိုးရကနေပြီး မစ္စတာ သက်ဆင်အား နီကာရာဂွာ နိုင်ငံ၏ အထူး သံတမန် အဖြစ် ခန့်အပ်လိုက်ပြီး၊ သက်ဆင်အား နီကာရာဂွာ သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ပြု လိုက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ဗဟိုအမေရိက တိုက်ရဲ့ ဆင်းရဲတဲ့ နိုင်ငံ တခု အနေနဲ့ အခုလို သက်ဆင် အစိုးရကို ခန့်အပ် လိုက်ခြင်းဟာ ဗဟိုအမေရိက တိုက်နိုင်ငံ တခုဖြစ်တဲ့ နီကာရာဂွာ နိုင်ငံရဲ့ ပြည်ပ ရင်းနှီးမြုပ်နှံမှု ပိုမိုစွဲဆောင်မှု ရရှိလာ စေနိုင်ရန် ဖြစ်တယ်လို့ ဖေါ်ပြထား ခဲ့ပါတယ်။

မစ္စတာ သက်ဆင်ဟာ နီကာရာဂွာ နိုင်ငံကို ၂၀၀၉ ဇန္နဝါလက သွားရောက်လည်ပတ် ခဲ့ပြီး ဖေဖေါ်ဝါရီလ မှာ ပေးအပ် ခဲ့တာဖြစ်ကြောင်း၊ သူ့ရဲ့ ခရီးစဉ်မှာ ဗဟိုအမေရိက တိုက်နိုင်ငံ တခုဖြစ်တဲ့ နီကာရာဂွာ သမ္မတ ဒန်နီယယ် အော်တေဂါ ( Daniel Ortega ) တွေ့ဆုံခဲ့ပြီး၊ နီကာရာဂွာ သမတ ဒန်နီယယ် အော်တေဂါ ( Daniel Ortega ) ကိုယ်တိုင်က နီကာရာဂွာ နိုင်ငံခြားရေးဌာန ကို နီကာရာဂွာ နိုင်ငံ ရဲ့ ပြည်ပ ရင်းနှီးမြုပ်နှံမှု ပိုမိုစွဲဆောင်  စေနိုင်ရန် အလိုဌာ့ နီကာရာဂွာ နိုင်ငံ၏ အထူး သံတမန်အဖြစ် ခန့်အပ်ရန် တောင်းဆိုခဲ့တာလို့ ပါရှိပါတယ်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝတ် ၏ ထိုင်းနိုင်ငံကူး လက်မှတ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ ပတ္တရား ကမ်းခြေဟိုတယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ သူ့ကိုလိုလားတဲ့ အနီဝတ် ဆန္ဒပြသူတွေ အကြမ်းဖက်မှု စတင်ပြီး နောက်တရက်မှာ ထိုင်းအစိုးရ က ပြန်လည်သိမ်းဆည်း ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိ ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here