မုန်တိုင်းသတင်း !!! ဘိဂျလိ ( Bijli ) နာမည်ရ မုန်တိုင်း မြန်မာပြည်ထဲသို့ ဦးတည်နေ

alt

ဧပြီ ၁၄ ရက်နေ့က စတင် ဖြစ်ပေါ်နေသော ဘင်္ဂလား ပင်လယ်အော် အတွင်း လေဖိအားနည်း ရပ်ဝန်းသည် လာမည့် ၄၈ နာရီအတွင်း ဘိဂျလိ ( Bijli ) မုန်တိုင်း အမည်အဖြစ် ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ် နှင့် မြန်မာပြည် အလယ်ပိုင်း ဒေသများ ကို ဖြတ်ကျော် တိုက်ခတ်ကာ လေပြင်းဒါဏ် ခံရနိုင်ဖွယ် ရှိသည်ဟု သတိပေး ပြောဆို နေကြပါသည်။

လူ ၁ သိန်းခွဲကျော် သေဆုံးခဲ့ရပြီး၊ သန်း နှင့် ချီသော ပြည်သူများ အတိဒုက္ခ ရောက်ခဲ့ရသည့် ၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက်တွင် တိုက်ခတ်သွားသော နာဂစ် မုန်တိုင်းလို မဟုတ်ပဲ ဘိဂျလိ ( Bijli ) မုန်တိုင်းဟာ Tropical Storm အဆင့် သာဖြစ်ကြောင်း သတိပေးချက်တွေ ကို Reuter နဲ့ AlertNet ထုတ်ပြန်ထားကြောင်း တွေ့ရှိ နေရပါတယ်။ မိုးရာသီ ဆိုင်ကလုံး Tropical Cyclone ဖြစ်လာ ခဲ့ရင်တော့ ပင်လယ်ပြင်တွင် ၁၂ ပေ အမြင့်ရှိ ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်သည်ဟု အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း အခြေစိုက် JTWC (ခေါ်) အမေရိကန် တိုင်ဖွန်းမုန်တိုင်း သတိပေးရေး ဌာန၏ သတင်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

ဘင်္ဂလား ပင်လယ်အော်အတွင်း ပေါ်ပေါက်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် ဖြစ်ပေါ်လာမည့် မိုးရာသီ မုန်တိုင်းသည် မြန်မာပြည်မှ သတင်းအချက်အလက် မရသော ပြည်ပ မီဒီယာတွေ ကို အားကိုးနေရတဲ့ မြန်မာပြည်သူတွေ ကြား အထူး စိုးရိမ် ကြောင့် ကြ နေရကြောင်း သိရှိရသည်။ မြန်မာ့အသံ ရေဒီယို နှင့် ရုပ်မြင်သံကြား မှ မုန်တိုင်း သတင်း များကို ကြေညာ နေပေမယ့် တိကျတဲ့ သတင်းအချက်အလက် များ ပါဝင်မှု မရှိခြင်း၊ ပြီးခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခိုက် စဉ်ကလည်း ကြိုတင် သတိပေးမှု အားနည်းခြင်း၊ ကြိုတင် ပြင်ဆင် ပေးခဲ့မှု မရှိခြင်း စသည့် တို့ကြောင့် ပြည်သူတွေ အနေနဲ့ နိုင်ငံခြား သတင်း ကိုပဲ အားကိုး နေရတယ်လို့ သိရှိရပါတယ်။

alt

ဘိဂျလိ ( Bijli ) နာမည်ရ မုန်တိုင်းဟာ စစချင်းမှာ မြန်မာပြည်ကို ဦးတည် ထားရှိခြင်း မရှိဘဲ နောက်ဆုံးမှ ဝင်ရောက်လာမှာ ဖြစ်တဲ့ အတွက် ဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေ တွေ အတွက် မုန်တိုင်း ဝင်မယ့် ဒေသကလူတွေ အနေနဲ့ လိုအပ်တာတွေ ကို ပြင်ဆင်ထားဖို့ လိုကြောင်း ပြောထား ပါတယ်။ နောက်ဆုံး ခန့်မှန်းချက် တွေအရ ရန်ကုန်မြို့ နှင့် တဝိုက် ကြီးကြီးမားမား အကျိုး သက်ရောက် ဖြစ်ထွန်း နိုင်မှု မရှိဘူးဆိုပေမယ့်၊ မြစ်ဝကျွန်းပေါ်မှ ဒေသများ ဆီ ကိုတော့ မုန်းတိုင်းကြောင့် အဖျား ရိုက်ခတ် လာ နိုင်တယ်လို့ သတိပေး ဖေါ်ပြ ထားပါတယ်။

မနက်ဖြန် မြန်မာ နှစ်သစ်ကူးနေ့ မှာ စတင်ချဉ်းနင်း ဝင်ရောက်လာမှာ ဖြစ်ပေမယ့်၊ မြန်မာ စစ် အစိုးရ ပြောပြောနေတဲ့ မီဒီယာကို မီဒီယာ နဲ့ ပြန်တိုက်မယ် ဆိုနေတဲ့ အထဲက စစ်အစိုးရ ရဲ့ မြန်မာအလင်း နဲ့ ကြေးမုံ သတင်းစာ တွေကတော့ ပြည်သူတွေ ထံကို အခုချိန် အထိ အချိန်မှီ သတင်းပေးနိုင်ဖို့ ရောက်မလာသေးဘူး လို့ သိရှိရပါတယ်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here