ဒီမိုကရေစီ သင်ခန်းစာတွေ ကို မြန်မာ ဘာသာနဲ့ ဖြန့်ဝေ

alt

မစ္စတာ ရိုလန် ဝပ်ဆန် ရေးသားပြီး ကိုလွင်အောင်စိုး မြန်မာဘာသာပြန်ထားတဲ့ ဒီမိုကရေစီ သင်ခန်းစာ စာအုပ်ကို အွန်လိုင်းမှ စတင် ဖြန့်ဝေလိုက်ပါပြီ။

ဒီစာအုပ်ဟာ ဒီမိုကရေစီ လမ်းညွှန်တွေ ထဲက မရှိမဖြစ် တခုသော လမ်းညွှန်မှု ဖြစ်တယ်လို့ ရိုလန် ဝပ်ဆန် က ညွှန်းဆိုထားပြီး၊ ဒီလမ်းညွှန်ကို လေ့လာ ဖတ်ရှုရုံနဲ့ မပြီးသေးဘူးလို့ သူက ဆိုထား ပြန်တယ်။ အခု လမ်းညွှန်ဟာ ကမာ္ဘတလွှားမှာ ဒီမိုကရေစီ အကြောင်းကို နည်းအမျိုးမျိုး နဲ့ သင်ကြားပေးနေတဲ့ နည်းစနစ် အမျိုးမျိုး ထဲက တခုဘဲ ဖြစ်ကြောင်း ထောက်ပြထားပါတယ်။

အာဏာရှင် စနစ်အောက်မှာ နေကြရတဲ့ ပြည်သူတွေက ဒီမိုကရေစီ အကြောင်းကို သိချင်ကြမှာပါ။ သိချင်လို့လည်း မေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ အခြေခံကျကျ လုပ်ဆောင်ရတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်ကနေ ဘယ်လို စမေးရမယ် ဆိုတာ မသိပဲ ဖြစ်လို့နေ တတ်ကြပါတယ်လို့ သူကဆိုတယ်၊ ဒီမိုကရေစီဆိုတာ အမှန်တကယ်မှာ ဘာလဲ? ဒီမိုကရေစီဟာ ကျနော်တို့ နဲ့ ဘယ်လို ပတ်သက်သလဲ? ဒီမိုကရေစီ နိုင်ငံမှာနေရင် ကျနော်တို့ ဘဝတွေ ဘယ်လို ပြောင်းလဲသွားမှာလဲ? ပိုကောင်းလာမှာလား? အစရှိသဖြင့် လားပေါင်းများစွာ မေးခွန်းတွေကို မေးနေမိမှာ ဖြစ်ကြောင်း၊ ထပ်ပြောရရင် မြန်မာပြည်အတွက် ဆိုရင်တော့ အခုစတင် ထုတ်ဝေလိုက်တဲ့ ဒီမိုကရေစီ သင်ခန်းစာဟာ နိုင်ငံရေးရော၊ ပညာရေးမှာပါ သိသိသာသာကြီး ရိုက်ခတ်မှုတွေ ဖြစ်လာ နိုင်ပါလိမ့်မယ်။

အဲတာတွေ အပြည့်အစုံ သိရှိနိုင်ဖို့နဲ့ ထပ်ဆင့်မျှဝေ နိုင်အောင် မစ္စတာ ရိုလန်ဝပ်ဆန် ရေးသားပြီး ကိုလွင်အောင်စိုး မြန်မာ ဘာသာပြန်ထားတဲ့ ဒီမိုကရေစီ သင်ခန်းစာကို ဒီနေရာမှာ ရယူနိုင်ပြီ ဖြစ်ပါကြောင်း လူထုအသံ စာအုပ်စင် အညွှန်းမှ သတင်းကောင်းပါး အပ်ပါတယ်။ …

LEAVE A REPLY

Please enter your comment!
Please enter your name here