မုန်တိုင်းသတင်း !!! ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေ

alt

မြန်မာ့အသံ ရေဒီယို နှင့် ရုပ်မြင်သံကြား မှ ဧပြီ ၁၄ ရက် ယမန်နေ့ည မှစ၍ မကြာခဏ မုန်တိုင်း သတင်း များကို ကြေညာ နေသဖြင့် အများပြည်သူ များကြား တွင် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ် နေသည်ဟု ရန်ကုန်မှ လာသော သတင်းများ အရ သိရှိရသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ် နေသော လေဖိအားနည်း ရပ်ဝန်းသည် ဧရာဝတီတိုင်း အား နာရီပိုင်းအတွင်း ဝင်ရောက် တိုက်ခတ် နိုင်ဖွယ်ရှိပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ဒေသခံများ အထူးစိုးရိမ် ကြောင့် ကြ နေရကြောင်း သိရှိရသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းအဖြစ် တနာရီလျှင် မိုင်၄ဝ မှ ၄၅မိုင် အတွင်း တိုးမြှင့် တိုက်ခိုက် လာနိုင်ဖွယ် ရှိသည်ဟု စစ်အစိုးရ မီဒီယာများတွင် ထုတ်လွှင့် နေသော်လည်း၊  မုန်တိုင်းသည် ယနေ့ နံနက်ပိုင်းအထိ မရွေ့လျားသေးပဲ၊ ဆက်ပြီး ငြိမ်သက်နေသေးကြောင်း၊ ထိုသို့ ငြိမ်နေခြင်းသည်  ပို၍ ကြောက်စရာ ကောင်းသည့်အကြောင်း ဒေသခံများကြားတွင် ပြောဆို လျှက်ရှိနေကြသည်။

၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက်တွင် တိုက်ခတ်သွားသော နာဂစ် မုန်တိုင်းကြောင့် လူ ၁သိန်းခွဲကျော် သေဆုံးခဲ့ရပြီး၊ သန်းနှင့်ချီသော ပြည်သူများ အတိဒုက္ခ ရောက်ခဲ့ရပြီး၊ ဒေသခံတဦးမှ ” နာဂစ်တုန်းကလည်း အဲဒီလိုပဲ၊ မိုင်၄ဝ နှုနု်းလို့ပဲ ကြေညာခဲ့ပေမယ့် တကယ်တမ်း တိုက်တော့ မိုင်၁ဝဝ ကျော် တိုက်ခဲ့ဖူးတဲ့ အတွက် စစ်အစိုးရရဲ့  သတိပေးချက်တွေကို မယုံရဲပေမယ့် ကြောက်လန့် စိုးရိမ်စွာ နေနေရတယ် ” လို့ ဒေသခံများက ပြောဆိုနေကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဟာဝိုင်ယီကျွန်း အခြေစိုက် JTWC (ခေါ်) အမေရိကန် တိုင်ဖွန်းမုန်တိုင်း သတိပေးရေး ဌာန၏ သတင်း ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်အတွင်း ပေါ်ပေါက်နေသော မိုးရာသီ ဆိုင်ကလုံး Tropical Cyclone မှာ လေဖိအားနည်း ရပ်ဝန်းကြောင့် ပင်လယ်ပြင်တွင် ၁၂ပေ အမြင့်ရှိ ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားပြီး၊ ၎င်း လေဖိအားနည်း ရပ်ဝန်းသည် မြောက်ဘက်သို့ ရွေ့လျားဖို့ အလားအလာ ပိုများ နိုင်သည်ဟုလည်း ခန့်မှန်းထားကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here