ဆန္ဒပြပွဲ ပြီးဆုံးကြောင်း ထိုင်းအစိုးရ ဆန့်ကျင်ရေး ခေါင်းဆောင်များ ပြောကြား

alt

ယခုလို ဆန္ဒပြပွဲ ပြီးဆုံးကြောင်း ကြေညာရခြင်းဟာ ဖြိုခွဲ၍ ရှုံးနိမ့်အညံ့ခံ ခဲ့ခြင်းကြောင့် မဟုတ်ရကြောင်း၊ မိမိတို့၏ ဘက်တော်သားများ ထိခိုက် အနာတရ ရခြင်း ထပ်မံ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း

သက်ဆင်အစိုးရ လိုလားသူ အစိုးရ ဆန့်ကျင်ရေး အကျင်္ီအနီဝတ် ခေါင်းဆောင် တဦးဖြစ်သူ မစ္စတာ ဗီးလ်ရာ မူဆီဂ်ပေါင် ( Veera Musigapong ) က စစ်တပ်၊ ရဲ ၊ ဘန်ကောက်ဒေသခံ လူထု နှင့် ဆန္ဒပြသူတို့ အကြား ၂ရက်ကြာ ဖြစ်ပွားခဲ့သည့် အခြေအနေကို ထောက်ပြလျှက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းအစိုးရသည် ခရီးသည်တင် ဘတ်စ်ကား ၄စင်း ကို အိမ်ပြန်နိုင်ကြစေရန် စီစဉ်ပေးခဲ့ပြီး၊ မစ္စတာ ဗီးလ်ရာ မူဆီဂ်ပေါင် ( Veera Musigapong ) ကလည်း သူ့အား ထောက်ခံ အားပေးနေသည့် အစိုးရ ဆန့်ကျင်ရေး အကျင်္ီအနီဝတ်များအား သတိထားပြီး မိမိတို့နေရပ်ကို ပြန်ကြဖို့ အသိပေး နှိုးဆော်ထားသည်။

ယခုလို ထိုင်းဝန်ကြီးချုပ် ရုံးရှေ့မှ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ထွက်ခွာသည်နှင့် တပြိုင်တည်းတွင် အင်အား ၃၀၀ခန့် ရှိသော စစ်တပ် နှင့် ရဲတို့က ၀န်ကြီးချုပ်ရုံး ရှေ့မျက်နှာစာ ဆန္ဒပြစင်မြင့် နောက်သို့ ဝင်ရောက်ကာ နေရာယူထား လိုက်ကြပြီး၊ အခြေအနေ အရပ်ရပ်အား စောင့်ကြည့် နေသေးကြောင်း ဘန်ကောက်မှ လာသော ဝါယာသတင်းများ အရ သိရှိရသည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများသည် မိမိ နေထိုင်ရာဒေသ အသီးသီးသို့ ပြန်လည် ထွက်ခွာနေခြင်းသည် ထိုင်းလက်ရှိအစိုးရ မစ္စတာ အဘီဆစ် အတွက် နိုင်ငံရေးအရ အောင်ပွဲတခု ဖြစ်ခဲ့သော်လည်း၊ သက်ဆင် လိုလားသူ အစိုးရဆန့်ကျင်ရေး အကျင်္ီအနီဝတ် ခေါင်းဆောင် များကတော့ ၎င်းတို့၏ ရည်မှန်းချက် ပြည့်မြောက်ရေး အတွက် အခြားသော နည်းလမ်းများမှ တဆင့် ဆက်လက်တိုက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း ဒီမိုကရက်အစိုးရအား ရာဇသံပေးထားသည်။

ယမန်နေ့ ညနေ ၃နာရီအထိ ဘန်ကောက်မြို့၏ တချို့နေရာများတွင်  ပစ်ခတ်မှု အချို့ ရှိနေသေးကြောင်း သိရှိရပြီး၊ တနင်္ဂနွေနေ့တွင် အဖမ်းဆီး ခံခဲ့ရသည့် ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်သော ဖျက်သိမ်းခံ ထိုင်းရတ်ထိုင်း ပါတီလွှတ်တော် အမတ်ဟောင်း မစ္စတာ အရစ္စမန် ပွန်ဂယူရန်ရောင်း ( Arisman Pongruangrong ) အား ပတ္တရား တရားရုံးတော်မှ နေ၍ ဘတ်ငွေ ၅သိန်း အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း ပတ္တယား ဒေလီးနယူး သတင်းစာတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here