သက်ဆင် လိုလားသူ အစိုးရ ဆန့်ကျင်ရေး အကျင်္ီ အနီဝတ်တွေ အိမ်ပြန်ပြီ

alt

ဒီကနေ့ အင်္ဂါနေ့မှာ ထိုင်း ၀န်ကြီးချုပ် ရုံးရှေ့က ၀န်ကြီးချုပ်အဖြစ်က ဖယ်ရှား ခံခဲ့ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြတဲ့ တီရှပ်အနီဝတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သမားများ ၅၀၀၀ လောက် ကို သူတို့ရဲ ခေါင်းဆောင်တွေ က အိမ်ပြန်ခိုင်း နေပြီလို့

ထိုင်းတီဗီ ချန်နယ် ၁၁ က ၁၁နာရီ ၄ မိနစ်မှာ တီရှပ်အနီဝတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင် မစ္စတာ ဗီးရာအ် မူဆီဂ်ပုံ ( Veera Musigapong ) က ပြောကြောင်း နှင့် ဝန်းရံ တားဆီး နေသည့် ထိုင်း စစ်တပ် နှင့် ရဲများကို အနောက်ဘက် မီတာ ၂၀ လောက် ကို ပြန်လည် ဆုတ်ခွာပေးဖို့ တီရှပ်အနီဝတ် အစိုးရဆန့်ကျင်ရေး ခေါင်းဆောင် တဦး ကတောင်းဆိုကြောင်း၊ ဒါမှသာလျှင် ဆန္ဒပြသူများ အနေနှင့် မိမိတို့ ပိုင်ပစ္စည်းများကို ယူဆောင်ပြီးထွက်ခွာ နိုင်မှာဖြစ်တဲ့ အတွက် အခြေအနေကို နားလည်ပေးဖို့ တောင်းဆိုကြောင်း ပါရှိပါတယ်။ မစ္စတာ ဗီးရာအ် မူဆီဂ်ပုံ ( Veera Musigapong ) က အခုလို ဆန္ဒပြသူတွေ ကို ဆုတ်ခွာစေခဲ့ခြင်းဟာ ရှုံးနိမ့် သွားခြင်းကြောင့် မဟုတ်ဘဲ၊ ဆန္ဒပြသူတွေ ရဲ့ဘဝလုံခြုံမှု နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ အတွက် ကာကွယ်ဖို့ဖြစ်တယ်လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။ သူတို့ခေါင်းဆောင်တွေ အနေနဲ့လည်း မနေ့က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ တွေနဲ့ ပတ်သတ်ပြီး ထိုင်း ရဲ တွေဆီ မှာ သွားရောက် အစစ်ဆေးခံယူမှာ ဖြစ်ကြောင်း ဆက်လက် သတင်းလွှင့် ထုတ်ခဲ့ပါတယ်။

မနေ့က ထိုင်း စစ်တပ်၊ ရဲ နဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြတဲ့ တီရှပ် အနီဝတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ ကြား ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ၂ ဦး သေဆုံးပြီး၊ ၁၂၃ ဦး ဒါဏ်ရာ ရရှိကာ အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း၊ ဒီမနက် ၁၁ နာရီခွဲမှာ ပြုလုပ်တဲ့ ထိုင်း ဒုဝန်ကြီးချုပ် ဆူသာပ့် တောင်စုဘန်အ့် ( Suthep Thaugsuban )  က ပြောဆို သွားပြီး၊ အဆိုပါ ဖြစ်ရပ် အတွက် တရားခံအဖြစ် ယူဆရသူ ၃ ဦး ပစ္စတိုသေနတ်၊ ကျဉ်ဆံများ နှင့် အတူ လောင်စာဆီများ ဖြင့် ဖမ်းဆီး ထားခဲ့ကြောင်း၊ သက်သေ အထောက်အထားများ ကို အဆိုပါ တီဗီ အစီအစဉ် ကနေကြေညာ သွားခဲ့ပါတယ်။

ဆန္ဒပြသမားများရဲ့ ဆူပူအကြမ်းဖက်မှုကို လက်ခံ နိုင်ဖွယ်မရှိဆိုကာ အမေရိကန်နိုင်ငံ၊ အီးယူ ဥရောပသမဂ္ဂကလည်း ထိုင်းနိုင်ငံက အခြေအနေများကြောင့် စိုးရိမ်ပူပန်ကြောင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း နှင့် သူတို့ ၏ နိုင်ငံသားများကို ဘန်ကောက်မြို့ ဝန်းကျင်မှာ သတိထား နေကြဖို့၊ လိုအပ်ရင် သက်ဆိုင်ရာ မိမိသံရုံးများကို ဆက်သွယ်ကြရန် ကြေညာထား ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here