ပင်လယ်ဓါးပြ လက်က လွတ်မြောက်သည့် အမေရိကန် သဘောင်္ကပ္ပတိန်

alt

ပင်လယ်ပြင်မှာ မျောပါနေတဲ့ သက်ကယ် လှေတစင်းပေါ်မှာ ဆိုမာလီယား ပင်လယ် ဓါးပြတွေ ပြန်ပေးဆွဲ ဖမ်းဆီး ခံခဲ့ရတဲ့ အမေရိကန် အလံတင် ကုန်တင် သဘောင်္ ကပ္ပတိန် Richard Phillip ပြန်လည် ကယ်တင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် ရေတပ် အထူး တပ်ဖွဲ့ဝင်တွေနဲ့ သူ့ကို ဖမ်းထားတဲ့ ပင်လယ်ဓါးပြတွေ ခေတ္တ ခဏသာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ဆိုမာလီ ပယ်လယ် ဓါးပြတွေဘက်က သုံးယောက်သေပြီး တယောက်ကို အမေရိကန် ရေတပ်က အရှင် ဖမ်းဆီးမိခဲ့လို့ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

အမေရိကန် သမတ ဘရက်ခ် အိုဘားမားက ဒီလို အောင်အောင်မြင်မြင် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့အကြောင်း စာရေးပြီး ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ ဒေသမှာ ပင်လယ် ဓါးပြ တိုက်မှုတွေ များလာတာကို အဆုံးသတ်အောင် တိုက်ဖျက်ဖိုု့ အမေရိကန် ပြည်ထောင်စုအနေနဲ့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ လည်း ပြောဆိုခဲ့ ပါတယ်။

လွတ်မြောက်လာခဲ့ ပြီဖြစ်တဲ့ အမေရိကန် ကပ္ပတိန် Richard Phillips ဟာ Aden ပင်လယ်ကွေ့တွေနဲ့ အိန္ဒိယ သမုဒ္ဒရာအတွင်းမှာ ကုန်သတင် သဘောင်္တွေကို ကြီးကြပ် မောင်းနှင်ခဲ့ဘူးတဲ့ အတွေ့အကြုံရှိတဲ့သူ တယောက်ဖြစ်ပြီး၊ ပင်လယ်ဓါးပြတွေ ပြန်ပေးဆွဲခံရတဲ့ ပထမဆုံး အမေရိကန် သဘောင်္ ကပ္ပတိန်လည်း ဖြစ်ကြောင်းသိရှိ ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here