ဆန္ဒပြ အနီဝတ်တွေ အကြမ်းဖက်၍ ဘန်ကောက် မြို့ခံတွေ စစ်တပ် ကိုကူပြီ

alt

သက်ဆင် အစိုးရ လိုလားသူ အကျင်္ီ အနီဝတ် များက ဘန်ကောက် ဒေသခံတို့၏ အိမ်ယာနှင့် မော်တော် ယာဉ်များအား ဖျက်လိုဖျက်ဆီး အကြမ်းဖက် အသွင်ဆောင် လာ၍ ဒေါသ ထွက်နေသော ဒေသခံများက ဆန္ဒပြသူ များကို မောင်းထုတ်ရန် အလို့ဌာ စစ်တပ်၊ ရဲ အာဏာပိုင်များ နှင့် ပူပေါင်းကာ ပါဝင် လာကြပြီ ဖြစ်သည်ဟု ထိုင်းမှလာသော သတင်းများအရ သိရှိရသည်။

သက်ဆင် လိုလားသူ အကျင်္ီ အနီဝတ်များသည် ဒေသခံ တို့၏ ပူးပေါင်း အားပေးမှု မရရှိခဲ့သည့် အတွက် ဒေသခံတို့၏ ကား၊ ဆိုင်ခန်းများ နှင့် အိမ်များအား မီးရှို့ခြင်း၊ လက်လုပ် ဗုံးအသေးစား များဖြင့် ပစ်ခတ်၍ နှောင့်ယှက် ဖျက်ဆီးမှုများကြောင့် ဒေသခံတို့ ဒေါသထွက်လာကြပြီး၊ သက်ဆင် လိုလားသူ အကျင်္ီ အနီဝတ်များအား ကျောက်ခဲ၊ ခဲ တို့ဖြင့် ရပ်ကွက်များမှ ပြန်လည် ခုခံမောင်းထုတ် လျှက်ရှိကြောင်း သိရှိရသည်။

ယခုလို ဒေသခံများနှင့် စစ်တပ်၊ရဲတို့ ပူးပေါင်းလာမှုကို မကျေနပ်သည့် အနီဝတ် ဆန္ဒပြနေသူများက Nang Lerng အရပ်ရှိ ဒေသခံများကို ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး၊ အနီဝတ် ဆန္ဒပြနေသူများ ၏ ပစ်ခတ်မှုကြောင့် ဒေသခံ အသက် ၅၀ အရွယ်တဦး နှင့် ၁၉ နှစ်အရွယ်တဦး သေနတ် ဒါဏ်ရာကြောင့် ပထမဆုံး သေဆုံးခဲ့ ရပြီး ၆ဦး ထပ်မံ ဒါဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်ကို တွေ့ရှိရသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် မှာ ဆန္ဒပြသူတွေ စစ်တပ်က နှိပ်နင်းမှုကြောင့် အများအပြား သေကျေ ဒါဏ်ရာရခဲ့ပြီး၊ အဘီဆစ့် အစိုးရမှာ အခြေအမှန်တွေကို ဖုံးကွယ်ပြီး ထိုင်းပြည်သူများအား လိမ်ညာနေတယ်လို စီအမ်အမ် သတင်းဌာန ကိုဖြေကြားခဲ့ပြီး စွတ်စွဲလိုက်သည်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ်နှင့် ကက်ဘိနက် အဖွဲ့ဝင်များ၊ စစ်တပ် နှင့် ရဲမှ ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်သော သတင်းစာရှင်းလင်းပွဲကို တနလာင်္နေ့ည ၁၂ နာရီ ခန့်တွင် ကျင်းပခဲ့ပြီး၊ ဒေသခံ ပြည်သူတို့၏ ရဲဝံစွာ ပူးပေါင်းဆောင်ရွက်မှု အတွက် ကျေးဇူးတင် ရှိကြောင်း၊ သေဆုံးခဲ့သူများ  အတွက် ဝမ်းနည်းမိကြောင်း၊ မိမိတို့သည် ဆန္ဒပြမှု အားဖြိုခွင်သည့် အစီအစဉ် သည်လည်း ပြီးပြည့်စုံတော့ မည်ဖြစ်ကာ အစိုးရရုံးအား ဝန်းရံနေသည့် ဆန္ဒပြသူများအား ၎င်းနေရာမှ မိမိတို့နေရပ် ဒေသအသီးသီးသို့ ပြန်ကြရန်နှင့် ပို့ဆောင်ရေး အစီအစဉ် အတွက် စီစဉ်ပေးမည် ဖြစ်ကာ ဆန္ဒပြသူများ အနေနှင့် လက်ရှိပကတိ အခြေအနေကို အေးချမ်းစွာ အဆုံးသတ်သင့်ကြောင်း သတင်းစာ ရှင်လင်းပွဲတွင် ပြောဆိုတိုက်တွန်း နှိုးဆော်သွားသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here