သက်ဆင် လိုလားသူ အကျင်္ီ အနီဝတ်တွေကို ထိုင်း စစ်တပ် ဖြိုခွင်းပြီ

alt

ဒီနေ့မနက် ၅ နာရီခန့်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  အတွင်းရှိ အစိုုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို ထိုင်းစစ်တပ်က စတင် ဖြိုခွင်းနေပြီ ဖြစ်ပါတယ်။

ဆန္ဒပြသူ အများအပြားကို ဖြိုခွဲဖို့ အတွက် စစ်တပ်က စတင် ပြင်ဆင်လိုက်တဲ့ နောက်ပိုင်းမှာ စစ်တပ်နဲ့ ဆန္ဒပြသူ တွေကြား ရုုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပြီး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သူပေါင်း ရ၇ ဦးရှိခဲ့ရပြီး စစ်တပ်ဘက်မှ ၂၃ ဦးဖြစ်သည်ဟု သိရှိရသည်။

ထိုင်း ဝန်ကြီးချုပ် အဘီဆစ့်မှာ ဆန္ဒပြသူများ ပြောဆို နေသည့် ၄ ဦးသေဆုံးခဲ့ ရသော စွတ်စွဲမှုအား ငြင်းဆန်လိုက်သည်။ ထိုင်းစစ်တပ် အနေနှင့် ဆန္ဒပြသူတွေကို ဖြိုခွဲဖို့အတွက် ညင်သာတဲ့ နည်းတွေနဲ့ စတင်မှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ လိုအပ်ရင် ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ ရှိတယ်လိုု့ ထိုင်းစစ်တပ်မှ ဗိုလ်မှူးကြီး ဆန်ဆန်း ထွေပါ က ပြောကြောင်း အေဖက်ပီ သတင်း တရပ်မှာ ပါရှိပါတယ်။

မစ္စတာ သက်ဆင် ကတော့ တကယ်လို့ သူ့ထောက်ခံသူတွေကို ထိုင်းအာဏာပိုင် တွေက တိုက်ခိုက်လာမယ် ဆိုရင် ထိုင်းနိုင်ငံကို ပြန်လာခဲ့မယ်လို့ တနင်္ဂနွေနေ့ အစောပိုင်းက တယ်လီဖုံး က တဆင့် ရာဇသံပေး ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here