အသဲကွဲပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် ခံရမည့် လင်ဆေးလိုဟန်

alt

အဆိုတော် မင်းသမီးလေး လင်းဆေး လိုဟန်သည် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု များပင် ကုသမှု လိုအပ် နေကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။

အမျိုးသမီးချင်း ချစ်သူများ အဖြစ် ပေါင်းဖက် နေကြသည့် ဆမန်သာ ရွန်ဆင် နှင့် လမ်းခွဲရပြီးနောက် သူမ အတွက် အလွန် စိတ်ထိခိုက်ရကြောင်း လိုဟန် ကဆိုသည်။ အသက် (၂၂) နှစ်ရှိ လိုဟန်၏ ဖခင် မိုက်ကယ် ကလည်း သမီးဖြစ်သူ စိတ်ထောင်း ကိုယ်ကြေ ဖြစ်သွားမည် ကို စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆို ထားသည်။

လိုဟန် နှင့် ဆမန်သာ တို့သည် တနှစ်မျှ စိတ်တူကိုယ်တူ တွဲခဲ့သော်လည်း ဧပြီလ ဆန်းပိုင်းတွင် လမ်းခွဲ ခဲ့ကြသည်။ Mean Girl ရုပ်ရှင် မင်းသမီး လိုဟန် က သူမနှင့် ဆမန်သာတို့ ပြတ်စဲသည့် နေ့သည် ဘဝတွင် အနာကျင်ဆုံး နေ့တနေ့ ဖြစ်ကြောင်း ၀န်ခံ ထားသည်။ ယခုအခါ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကျွမ်းကျင်သူများ နှင့် စစ်ဆေး ပြသသွားစေရန် စီစဉ် နေကြောင်း မင်းသမီးလေး က အတည်ပြုခဲ့သည်။

လိုဟန် အနေနှင့် ထိုကဲ့သို့ ခံစား နေရသော်လည်း DJ တဦး ဖြစ်သူ ဆမန်သာက လိုဟန် နှင့် လမ်းခွဲမှု အတွက် ပြန်လည် ညှိနှိုင်းမှုများ ပြုလုပ်ရန် စိတ်မကူးကြောင်း ပြောင်ပြောင် တင်းတင်း ပြောဆို ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here