မာဒါဂါစကာ တွင် Jade ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်

alt

အာဖရိကတိုက် ရှိ မာဒါဂါစကား နိုင်ငံတွင် ဆိုင်ကလုန်း မုန်တိုင်း Jade တိုက်ခတ်ခဲ့မှုကြောင့် ဧပြီလ (၁၀) ရက်နေ့ တွင်ပင် အနည်းဆုံး လူ (၉) ဦး သေဆုံး ခဲ့ကြောင်း သိရှိ ရသည်။

အိန္ဒိ်ယ သမုဒ္ဒရာ အတွင်းရှိ ကျွန်းနိုင်ငံ တွင် တိုက်ခတ် ခဲ့သော မုန်တိုင်းကြောင့် မူလက လူ (၈) ဦး သေဆုံးကြောင်း သတင်း ထုတ်ပြန် ခဲ့ပြီးမှ နိုင်ငံ အရှေ့ဘက် ကမ်းခြေ နိုဆီဗာရီကာတွင် နောက်ထပ် သေဆုံးသူတစ်ဦးကို ဖော်ထုတ် နိုင်ခဲ့သည်။ မုန်တိုင်းကြောင့် လူပေါင်း (၃၃၀၀၀) ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အာဏာပိုင်များကဆိုသည်။

အာဖရိ က အရှေ့တောင်ဘက် ကမ်းလွန်ရှိ အကြီးဆုံး ကျွန်းနိုင်ငံ ဖြစ်သော မာဒါဂါစကား နိုင်ငံသည် မကြာသေးမှီ ကမှ အစိုးရ အပြောင်းအလဲ တခု ပေါ်ပေါက် ထားသည့် နိုင်ငံ လည်း ဖြစ်သည်။ Jade မုန်တိုင်း ဒါဏ် ကို ခံခဲ့ရသူ အများစု သည် မြောက်ပိုင်းရှိမြို့တော် အန်တန်နန်ရီဗို သို့ ပြောင်းရွှေ့ရန် ပြင်ဆင် နေကြ ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here