အာဖဂန်တွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံး

alt

အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ဝင် (၆) ဦး တို့သည် တာလီဘန် တို့နှင့် တိုက်ပွဲ ဖြစ်ပွားစဉ် ကျဆုံး သွားခဲ့ကြောင်း သိရ သည်။

နိုင်ငံ တောင်ပိုင်း ဟယ်မန်ခရိုင် တွင် ဧပြီလ (၁၀) ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း ရဲတပ်ဖွဲ့ဝင် (၇) ဦး တို့သည်လည်း ဒါဏ်ရာများ ရရှိခဲ့သည်။

ထိုနေ့ မနက်ပိုင်းက တာလီဘန် တို့သည် ရဲစခန်းတခုကို စီးနင်းသိမ်းပိုက်ရန် ကြိုးစားခဲ့ပြီး ရဲတပ်ဖွဲ့က ခုခံခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း ရဲ (၆) ဦး သေဆုံးကြောင်း အစိုးရ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဒူရတ် အာမက်ဒီ က ပြောကြား ခဲ့သည်။ တာလီဘန် ခေါင်းဆောင် တဦးဖြစ်သည့် ယူဆက်အာမာဒီး က ယခု တိုက်ခိုက်မှု အတွက် ၎င်း ၏ အဖွဲ့တွင် တာဝန် ရှိကြောင်း ကြေညာခဲ့သည်။

အစိုးရ၏ ကြေညာချက် အရ ရဲများ၏ ခုခံမှုကြောင့် တာလီဘန် (၃၆) ဦးသေဆုံးကြောင်း သိရသော်လည်း ရဲတပ်ဖွဲ့အနေ နှင့် အလောင်း (၇) လောင်းကိုသာ သိမ်းဆည်း နိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်။ ထို့အပြင် တိုက်ခိုက်မှု အတွင်း တာလီဘန် တပ်သား (၁၈) ဦး ဒါဏ်ရာ ရခဲ့သော်လည်း ထွက်ပြေး လွတ်မြောက် သွားခဲ့ကြောင်း အစိုးရ၏ ကြေညာချက်တွင် ပါရှိ ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here