ဆိုမာလီယာ ပင်လယ်ဓားပြများ USS စစ် သင်္ဘော ကို ပြန်လည် ခုခံ တိုက်ခိုက်မည်

alt

အမေရိကန် သင်္ဘောသား ကပ္ပတိန် တဦးကို ဖမ်းဆီး ထိန်းသိမ်းထားသော ဆိုမာလီယာ ပင်လယ်ဓားပြများ က ၎င်းတို့ အား မည်သည့် အမေရိကန် ရေတပ် သင်္ဘောက မဆို ခြေရာခံ လိုက်လာပါက အပြင်းအထန် ခုခံတိုက်ခိုက် သွားမည်ဟု ဧပြီလ (၁၀) ရက်နေ့က ကြေညာ လိုက်သည်။

ဂြိုဟ်တုဖုန်း နှင့် ဆက်သွယ်ခဲ့ သည့် ဆိုမာလီ ပင်လယ်ဓားပြ တဦးက ၎င်းတို့သည် အမေရိကန်ကို လုံးဝ မကြောက်ကြောင်း နှင့် ၎င်းတို့ အား ကျူးကျော်ရန်စ တိုက်ခိုက်လာမည် ဆိုပါက ခုခံသွားမည် ဖြစ်ကြောင်း အတိအလင်းပြောကြား လိုက်သည်။ သင်္ဘောသား ဖီးလစ်သည် ဧပြီလ (၈) ရက်နေ့ ကတည်းက တန်ချိန် (၁၇၀၀၀) ဆန့်သော Maersk Alabama သင်္ဘောကြီး နှင့် အတူ ပင်လယ်ဓားပြများ ၏ ချုပ်နှောင် ဖမ်းဆီးထားမှု အား ခံခဲ့ရကာ ဖီးလစ်အား ပင်လယ်ဓားပြ (၄) ဦးမှ ဖမ်းဆီး သွားခြင်းဟု အမေရိကန် ရေတပ်က ဆိုသည်။

ယခု အချိန်တွင် USS Bainbridge နှင့် အခြားသော ရေတပ် သင်္ဘောများ က ဖီးလစ်အား အသည်းအသန် ရှာဖွေ နေခြင်းကြောင့် ပင်လယ်ဓားပြများ က ယခုလိုဖုန်း နှင့် ဆက်သွယ် ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ အနေ နှင့် ဓားစာခံ ဖီးလစ် အတွက် ငွေကြေး တစုံတရာ ရရှိ လိုနေပြီး ၎င်းတို့ အဆိုပြုသော ပမာဏကို ထပ်မံ အကြောင်းကြား မည်ဟု အဆိုပါ ဓားပြက ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here