လူထုအသံ ၁နှစ်ပြည့် ဆုမွန်လွှာ

နှစ်တခု၏ ပြက္ခဒိန်စာရွက်များ ဆုတ်ဖြဲလိုက်ခြင်း နှင့် အတူ မြန်မာနှစ်သစ် ကူးပြောင်းခြင်း နိမိတ်သဏ္ဍာန် ပိတောက်တို့ ဝင့်ဝါထိန်အောင် ပွင့်ဝေခြင်းရာသီ နှင့် ထပ်တူ လူထုအသံ အွန်လိုင်းဂျာနယ် သည်လည်း ၁နှစ်ပြည့် မြောက်ခဲ့ချေပြီ။

ယမန်နှစ်က အင်တာနက် အွန်လိုင်းတွင် စမ်းတဝါးဝါးနှင့် သွေးတိုးစမ်းရင်း တရွေ့ရွေ့ လှမ်းလာသော လူထုအသံ ဂျာနယ်သည် ဒီနှစ်တွင်တော့ အထိုက်အလျှောက် ခရီးပေါက်ခဲ့ ချေပြီ၊ ခေတ်တခု၏ နည်းပညာ ဖွင့်ဖြိုးမှု အသီးအပွင့်တို့ကို ဆွတ်ယူစားသုံးရင်း နိုင်ငံတကာရောက် မြန်မာ ဘလော့ဂ်ဂါများ နှင့် သိုင်းဝိုင်း ဖွဲ့တည်သော ဂျာနယ်သည် မည်သည့် ဋ္ဌာနေဒေသတွင်မှ အခြေစိုက်ခြင်း အလျဉ်းမရှိသလို၊ မည်သည့် အဖွဲ့အစည်း၌ မျှပင် ရိပ်ကြီးမခိုခဲ့ကြပေ၊ ပြည်သူ့မျက်နှာ တခုထဲကိုသာ ကြည့်၍ အဖိနှိပ်ခံ ပြည်သူ ဖက်လိုက် ကြမည်ဟု တူညီသူ လူငယ်အစုစု တို့ဖြင့် မြန်မာ့မီဒီယာ ကွက်လပ်များအား ဖြည့်စည်းခြင်း အလို့ငှါ စိတ်တူညီနောင်များ နှင့် ကမာ္ဘအရပ်ရပ်၌ တည်ရှိဖြန့်ကျက် ထူထောင်ခဲ့သည်။

အချိန်တွေ၊ အတားအဆီးတွေ၊ အနှောက်အယှက် အခက်ခဲတွေ အမနာပ ပြောဆိုမှုတွေကို လှစ်လျူရှုယင်း မီဒီယာကျင့်ထုံး နှလုံးမူကာ အမှန်တရားဖက် ရပ်တည်ရင်း ၁နှစ်သား အရွယ် ကြီးပြင်းခဲ့ရ ချေပြီ။

မင်္ဂလာ တရားတော်လာ ကျေးဇူးတင်ထိုက်သော သူကို တရားတော်နှင့် အညီ ကမ္ဗည်းမှတ်ကျောက် တင်၏။ ၁နှစ်တာအတွင်း ဆိုဒ် ရှင်သန်ရေးအတွက် ဝါသနာအလျောက် အဖိုးအခ မရပဲ ဝါသနာအရင်းခံ၍ ဦးလည်မသုန် ကူညီခဲ့ကြသော ပြည်တွင်း၊ ပြည်ပမှ စာရေးဆရာများ၊ ဘလော့ဂ်ဂါ ညီအကိုများအား လူထုအသံကိုယ်စား အယ်ဒီတာအဖွဲ့မှ ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း နှစ်သစ်နှင့် အတူ ဆုမွန်ချွေ၏။

လူထုအသံမှ ကျေးဇူး အထူးတင်ရပါသော စာရေးဆရာ၊ ဘလော့ဂ်ဂါများ

  • ဦးကောဝိဒ ( သာကီသွေး) ကနေဒါ နိုင်ငံလုံးဆိုင်ရာ သံဃာ့ဥသျှောင် ဥက္ကဋ္ဌ ဆရာတော်
  • မစ္စတာ ဘားမား ( ကိုဝင်းထွန်း ) (http://faxtoon.com/)
  • မင်းဒင် (မင်းဒင် ရဲ့ သက်ခိုင်) (http://www.mindin.info/)
  • လွင်အောင်စိုး ( အာဏာရှင်ဆန့်ကျင်ရေး )( http://saveburma.com/)
  • ကိုသင်ကာ(http://mmthinker.net/)
  • ကိုဘကောင်း(http://bakaung.blogspot.com)
  • ကိုလင်းဦး ( စိတ်ပညာ )( http://linoo.myanmarbloggers.org/)
  • ညီညီထွေး ( ဒီမိုလှိုင်း – ရာစုသစ်ရဲ့ မျက်နှာစာ ) (http://demohline.blogspot.com/)
  • ကမာနီလာ (http://www.kamarnilar.co.cc/)
  • လူလ ( ခရီးသည်၏ လွင့်မျောခြင်း ) (http://luula18.blogspot.com/)
  • ထွန်းတောက်နေ(http://htuntauknay.iblogger.org/)
  • မြစ်ဆုံ(http://myitsone.co.cc/)
  • ကျော်ငြိမ်းမိုး ( မိုးမြင့်အောင် )( http://moemyintaung.blogspot.com/)
  • အင်ခွန် ဘရန်ဆိုင်း ( ဂျာတောင်နော် )( http://jatawngnaw.blogspot.com/)
  • မင်းဂရုဏာ (http://mingayunar.blogspot.com/)
  • ရွှေဘန်း (http://shwezinyaw.wordpress.com/)
  • ထွန်းလွင် (ဥတ္တရ)( http://ottara2008.blogspot.com/)
  • ကိုမင်းဋ္ဌေး (မောင်မောင်ခင် – ရမ်ဘို)
  • ရန်နိုင်ထွန်း (လွတ်မြောက်နယ်မြေ – ကိုရီးယား)
  • မောင်ကြီးငြိမ်းချမ်း
  • အောင်မြင့်ထွန်း ( ဘုန်းကြီးလေး ) ( ဖို့တ်ဝိန်း၊ အင်ဒီယားနား )
  • တင်အောင်မိုး (မြောက်-ကယ်ရိုလိုင်းနား)
  • လင်းလင်းထွန်း( ဝစ္စကွန်ဆင် )
  • ကာတွန်း ထိန်လင်း ( အနာဂါတ်မျိုးဆက်သစ် – ရန်ကုန် )
  • နီနီဇော် (ရန်ကုန်)
  • ပန်းစုလှိုင် (ရန်ကုန်)

  • ကိုသိန်းလှိုင် (လှိုင်းဘွဲ့) ( အပြင်အဆင် ဒီဇိုင်း အယ်ဒီတာ )

LEAVE A REPLY

Please enter your comment!
Please enter your name here