၀ုိင် သောက်သုံးခြင်း နှင့် သက်ကြီး ကျန်းမာရေး

alt

၀ိုင် အရက် သောက်သုံးခြင်းသည် ကျန်းမာရေးကို တဖက်တလမ်း မှ အထောက်အကူပြု နေသည်ဟု ယူဆမှုများ ရှိနေသည့်တိုင် စပိန် နှင့် အမေရိကန် မှ ပညာရှင်များက ၀ိုင်အရက် တနေ့တခွက် ပုံမှန် သောက်သူများသည်

အသက်ကြီး လာချိန်တွင် သွက်ချာပါဒ ဖြစ်နိုင်ခြေ တိုးပွား လာကြောင်း ထောက်ပြ ခဲ့သည်။ ပါကင်ဆန် ကဲ့သို့ ရောဂါများ နှင့် သွက်ချာပါဒ လေငန်း ရောဂါများ သည် ၀ိုင်အရက် နှင့် ဆက်စပ်မှု ရှိကြောင်း နယူးယောက် နှင့် မက်ဒရစ် မှ သုတေသီများ ကဆိုသည်။

၎င်းတို့သည် စပိန်နိုင်ငံမှ ၀ိုင်အရက် စွဲစွဲမြဲမြဲသောက်လေ့ရှိသူ လူပေါင်း (၃၈၂၅)ဦးကို လေ့လာမှုများ ပြုလုပ်ပြီးနောက် ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ အဆိုအရ ၀ိုင်အရက် တနေ့တခွက် ပုံမှန် သောက်သူများသည် အသက်ကြီး လာပါက သွက်ချာပါဒ ဖြစ်ပွားနိုင်ခြေ (၃၀) ရာခိုင်နှုန်းအထိ တိုးလားနိုင်ကြောင်း အတိအလင်း ဖော်ပြခဲ့သည်။

အရက်သေစာကြောင့် ဖြစ်ပွားတတ်သော ရောဂါများ ဆိုင်ရာ ကျန်းမာရေးဌာနမှ ပရော်ဖက်ဆာ အီယန် ဂလေမော် က အဆိုပါ တွေ့ရှိမှုကို Neurology ဆေးပညာဂျာနယ်တွင် ရေးသားထားပြီး ၀ိုင် အရက် အပါအဝင် အခြားသော အရက်သေစာများပါ သောက်စားခြင်း မပြုကြရန် တိုက်တွန်း ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here