ကိုယ်ဝန် ရှိနေပြီဆိုခြင်းအား ကောလင်းရွန်နီ အတည်ပြု

alt

ကောလင်း ရွန်နီက သူမတွင် ကိုယ်ဝန် ရှိနေပြီဆိုသော သတင်းများ ကို အတည်ပြု လိုက်ပြီ ဖြစ်သည်။ သူမ နှင့် ခင်ပွန်း ဖြစ်သူ မန်ချက်စတာ ယူနိုက်တက် အသင်း ရှေ့တန်း ကစားသမား ၀ိန်းရွန်နီ တို့သည် ပထမဆုံး ရင်သွေးလေးကို ရရှိ တော့မည်ဟု ကောလင်း က ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်သည်။

အီတလီတွင် ပေါင် (၅) သန်းတန် လက်ထပ်ပွဲ အခမ်းအနားကြီး ဆင်ယင် ကျင်းပခဲ့သော ရွန်နီ တို့စုံတွဲနှင့် ၎င်းတို့အား ချစ်ခင် အားပေးသော ပရိသတ်အတွက် ယခု သတင်းသည် ပျော်စရာ အတိ ဖြစ်ခဲ့ရသည်။ OK မဂ္ဂဇင်းသို့ ကောလင်း က သူမ၏ ပျော်စရာ သတင်းကို စာရေး အကြောင်းကြားခဲ့ပြီး စာထဲတွင် ၀ိန်းရွန်နီ တယောက် အလွန်အမင်း စိတ်လှုပ်ရှား ပျော်ရွှင်နေကြောင်း ထည့်သွင်း ဖော်ပြထားသည်။

အသက် (၂၃) နှစ်အရွယ် လီဗာပူးမြို့သူလေးက သူမတို့ လင်မယားသည် ကလေးငယ်မှာ ယောက်ျားလေးလား၊ မိန်းကလေးလား မခန့်မှန်း နိုင်သေးသော်လည်း ယခု ကတည်းက ကလေးငယ်၏ ကျန်းမာရေး အတွက် ဂရုစိုက် နေကြပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here