ထိုင်းနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာလိုက်ရပြီ

alt

လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေ များကြောင့် ထိုင်း အစိုးရ က အရေးပေါ် အခြေအနေ တရပ်ထုတ်ပြန် ကြေညာ ထားလိုက်ပြီဟု သိရှိရသည်။

လက်ရှိ အစိုးရကို ဆန့်ကျင် ဆန္ဒပြပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ္ထရာ ကို ထောက်ခံကြသော အတိုက်အခံ အုပ်စုများ၏ သပိတ်မှောက်မှု ပြင်းထန် လာသည့် အတွက် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာရှထိပ်သီး အစည်းအဝေး ကိုပါ ရွှေ့ဆိုင်းလိုက်ရပြီဟု ဘန်ကောက်မှ လာသော သတင်းများက ဆိုသည်။

ဧပြီလ (၁၁) ရက်နေ့က ဘန်ကောက်မြို့ရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တထောင်ခန့်က နေအိမ်များနှင့် အစိုးရရုံးများကို အကြမ်းဖက် တိုက်ခိုက်မှုအချို့ ပြုလုပ် လာကြသည့်အတွက် အစိုးရက ယခုလို အရေးပေါ် အခြေအနေ ထုတ်ပြန် လိုက်ရခြင်းဖြစ်သည်ဟု ဋ္ဌာနေရေဒီယိုများမှ  ကြေညာသည်။

၎င်းအပြင် အင်္ဂါနေ့က ထိပ်သီးအစည်းဝေး တက်ရောက်ရန် ပတ္တယားမြို့ တောင်ပိုင်းသို့ ရောက်ရှိလာသော ထိုင်းဝန်ကြီချူပ် အဘီဆစ် စီးလာသောကား အောက်သို့ ဒေါသ ထွက်နေသော UDD အဖွဲ့မှ မော်တော်ဆိုင်ကယ် လျောတိုက်သွင်း ရပ်စေလိုက်ကာ တိုက်ခိုက်ကြသော်လည်း ကားနောက်မှန်သာ ကွဲသွား၍ အဘီဆစ် လက်မောင်းတွင် ဒါဏ်ရာ အနည်းငယ် ရကာ လုံခြံုရေး ရဲများမှ ဝန်ကြီးချုပ်အား  တိုက်ခိုက်မှုမှ ကယ်တင် လိုက်နိုင်သည်။

လက်ရှိ ကျင်းပနေသည့် အာရှထိပ်သီး အစည်းအဝေးကို ပင်လယ်ကမ်းခြေ မြို့တော်ဖြစ်သည့် ပတ္တယား တွင် ပြုလုပ်နေရာမှ နိုင်ငံ့ခေါင်းဆောင် အသီးသီးကို ရဟတ်ယာဉ် များနှင့် အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသည်ဟု ဋ္ဌာနေထုတ် ပတ္တယားမေးလ် သတင်းစာက ဆိုသည်။

ထိပ်သီးအစည်းဝေး တက်ရောက်လာသော နိုင်ငံ့ ခေါင်းဆောင်များ၏ အခြေအနေမှာ ဘေးကင်း စိတ်ချရပါကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် သရစ်ခန် နွန်ဗတ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ် ကြေညာခဲ့သည်။

၎င်းထိပ်သီး အစည်းအဝေး ကို ဆက်လက် ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ၎င်းက အတည်ပြုပြောဆိုလိုက်ကာ ထိုင်းမှ လာသော သတင်းများအရ ထိုင်း ၀န်ကြီးချုပ် အဘီဆစ်ကို ဆန္ဒပြနေသူ ဦးရေမှာ တသိန်းကျော် ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here