အာကာသသို့ နှစ်ကြိမ် အလည်ရောက်သည် ပထမဆုံး ခရီးသည်

alt

အမေရိကန် ဘီလျံနာ သူဌေး ချာလီ ဆီမွန်ညီ သည် အာကာသ အတွင်း နှစ်ကြိမ် သွားရောက်သည့် ပထမဆုံး ကမာ္ဘလှည့် ခရီးသည် အဖြစ် မှတ်တမ်းဝင် ခဲ့ပြီ ဖြစ်သည်။

ဧပြီလ(၈) ရက်နေ့က ကမာ္ဘမြေသို့ ချောချောမောမော ပြန်ရောက်လာသည့် Microsoft ကော်ပိုရေးရှင်း မှ သူဌေးကြီး သည် ယခုခရီးစဉ် အတွက် အလွန် ကျေနပ် ဂုဏ်ယူမိကြောင်း ပြောဆို လိုက်သည်။

ဆီမွန်ညီသည် ကာဇက်စတန် နိုင်ငံအနီး ဇက်ကက်ဇကန် တွင် ကမာ္ဘမြေ သို့ ချောချောမောမော ပြန်လည် ဆင်းသက် နိုင်ခဲ့သည်။ ဆီမွန်ညီ မှာ လွန်ခဲ့သော သီတင်းပါတ် (၂) ပါတ်ခန့်မျှ ကမှ ဆိုယု TMA-14 နှင့် နိုင်ငံတကာ အာကာသစခန်း သို့ နှစ်ရက်ကြာ အလည်အပတ် ခရီးစဉ် လိုက်ပါ သွားခဲ့သူ ဖြစ်သည်။

ရုရှား အာကာသယာဉ်မှူး ဂန်နက်ဒီပဒဲကား က ၎င်းတို့အားလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း ချောမော သာယာသည့် ခရီးစဉ်အတွက် စိတ်ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

အသက် (၆၀) အရွယ်ရှိ ဟန်ဂေရီ နိုင်ငံဖွား ဆီမွန်ညီသည် ပဒဲကား အပြင် အမေရိကန် နက္ခတ်ဗေဒ ပညာရှင် မိုက်ကယ် ဘားရတ် တို့နှင့်အတူ ပြန်လည် ရောက်ရှိ လာခြင်းဖြစ်ပြီး ၎င်းအား အသက် (၂၈) နှစ်အရွယ် ဆွီဒင် ဇနီးသည် လီဆာ ရမ့်ဒေါ့တား က မျက်ရည်လည်ရွဲ ကြိုဆိုခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here