အာဆင်နယ် အသင်းအပေါ် အဒီဘာယော သတိပေး စကားဆို

alt

မိမိတို့ အာဆင်နယ် အသင်းသည် လှပသော ဘောလုံး ကစားဟန် ကို ပိုင်ဆိုင်သည် ဆိုသော ချီးကျူးမှုများ သည် အကယ်၍ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သို့ မတက်ရောက် နိုင်ခဲ့ပါက

အလဟဿ စကားလုံးများသာ ဖြစ်လာ လိမ့်မည်ဟု အာစင်နယ် တိုက်စစ်မှူး မန်နျူရယ် အဒီဘာယောက ပြောကြား လိုက်သည်။

အာဆင်နယ် သည် အဝေးကွင်း တွင် စပိန်ကလပ် ဗီလာရီးရဲလ်အား (၁) ဂိုးစီ သရေကျခဲ့ သဖြင့် ဆီမီးဖိုင်နယ် တက်ရန် အလားအလာ ကောင်းများ ရရှိနေပြီ ဖြစ်သည်။ သို့သော်လည်း အဒီဘာယောက အသင်းဖော်များအား မပေါ့ဆရန်နှင့် ဘောလုံးတွင် ကစားဟန် လှပဖို့ထက် အနိုင်ရဖို့က အဓိက ပိုကျကြောင်း သတိ ပေးလိုက်သည်။

တိုဂို လက်ရွေးစင် တိုက်စစ်မှူးက လှလှပပ အကွက်ဖော်သွင်းယူသော ဂိုးများစွာကို တွေ့မြင်ရခြင်းသည် ကျေနပ်စရာ ကောင်းကြောင်း၊ သို့သော်လည်း ပိုအရေးကြီး သည်မှာ မဖြစ်မနေ အနိုင်ရဖို့ ဖြစ်ကြောင်း Uefa.com သို့ ပြောကြားခဲ့သည်။

ထို့အပြင် ဗီလာရီးရဲလ် နှင့်ပွဲတွင် ၎င်းသွင်းယူခဲ့သော ဂိုးမှာ သူ၏ ဘဝတလျှောက် အကောင်းဆုံး ဂိုးတဂိုးဖြစ်ကြောင်း အဒီဘာယောက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here