အားကစား မလုပ်မီ ကော်ဖီသောက်ပါက နာကျင်ကိုက်ခဲမှု လျော့နည်းစေနိုင်

alt

အားကစား လုပ်ငန်းများ ဆောင်ရွက်မှု မပြုခင် ကော်ဖီ သောက်ခြင်းဖြင့် နာကျင် ကိုက်ခဲမှုကို လျော့နည်း စေနိုင်ကြောင်း အမေရိကန် သုတေသီများ က ပြောကြား လိုက်သည်။

လေ့လာမှု စစ်တမ်းများ အရ ကော်ဖီတွင် ပါ၀င်သော ကဖိန်းဓာတ် သည် လူအများ၏ လှုပ်ရှားလုပ်ကိုင် နေမှုများတွင် ဖြစ်ပေါ် လာတတ်သည့် နာကျင်မှု ဝေဒနာများကို လျော့နည်း စေကြောင်း ဖော်ထုတ် နိုင်ခဲ့ပြီးနောက် ဆရာဝန်များက တနေ့လျှင် ကော်ဖီ(၄)ခွက်မျှ ပုံမှန် သောက်သုံးသင့်ကြောင်း တိုက်တွန်း လိုက်သည်။

အီလီနွိုက် တက္ကသိုလ် မှ ပညာရှင်များ သည် ကဖိန်းဓာတ် ၏ နာကျင်မှုများ လျှော့ချ ပေးနိုင်သော ဂုဏ်သတ္တိကို အတည်ပြု ပေးခဲ့သည်။ အထူးသဖြင့် လေ့ကျင့်ခန်း ပြုလုပ်စဉ် ဦးနှောက်နှင့် ဆက်စပ်နေသော အာရုံကြောများနှင့် ခါးရိုးအတွင်းရှိ ပင်မ အာရုံကြောမကြီး တွင် နာကျင်မှုများ ဖြစ်ပေါ်လာမှုကို လျှော့ချပေးကြောင်း သိရသည်။

သုတေသနအဖွဲ့ ခေါင်းဆောင် ပရော်ဖက်ဆာ ရောဘတ်မော့ က သီအိုရီ သဘောအရ ကဖိန်းဓာတ်သည် ခန္ဓာ ကိုယ်အလေးချိန် လျော့ကျမှုနှင့် လူတဦး၏ ကိုယ်လက် လှုပ်ရှားမှု စွမ်းဆောင်ရည် တိုးပွားစေမှု တို့ကို ပေါ်ပေါက် စေနိုင်ကြောင်း ရှင်းပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here