ပြဇာတ် ကရန် ဘရွတ်ရှီး စဉ်းစားနေ

alt

ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး ဘရွတ်ရှီး သည် ပြဇာတ် လောကတွင် ခြေချရန် စဉ်းစား နေကြောင်း သိရှိရသည်။ နာသန်လိန်း နှင့် ဂျိမ်းကရာ ကော့စကီး တို့ နှစ်ဦး အနက် တဦးဦးသည် နာမည်ကြီး မင်းသမီးအား ၎င်းတို့ စီစဉ်သည့် ပြဇာတ်များ တွင် အသုံးပြုခွင့် ရရှိ နိုင်ကြောင်း သတင်းများ ကဆိုသည်။

ရှီးက သူမသည် အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Lipstick Jungle တွင် ပါ၀င် သရုပ်ဆောင်မည်ဟု ကြေညာပြီး ရက်ပိုင်း အလိုမှာပင် ယခုကဲ့သို့ ဘရော့ဝေး ပြဇာတ်ရုံ များတွင် ခြေချရန် ပြင်ဆင် နေမှုကို ဖော်ထုတ် လိုက်ခြင်း ဖြစ်သည်။

ရှီးက သူမသည် ဧပြီလ အတွင်းမှာပင် ပြဇာတ်များ ကပြ သွားရန် စီစဉ် ထားကြောင်း ပြောကြားခဲ့သည်။

ရောင်းလ်ဒီဘောက် ပြဇာတ်ရုံကြီး တွင် အဓိက အသုံးတော်ခံ ကပြ သွားမည် ဖြစ်ပြီး လာမည့် (၄) လတာ ကာလအတွင်း ပြဇာတ်များ တွင် ဆက်တိုက် ပါ၀င်သွားရန် စဉ်းစား ထားကြောင်း မင်းသမီး က ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here