အသက်(၁၁)နှစ် အရွယ် အကြမ်းဖက်သမား ဖမ်းမိ

alt

အသက် (၁၁) နှစ်သာ ရှိသေးသော လူငယ်လေး တဦးအား အကြမ်းဖက် သမား တဦး အဖြစ် ပါကစ္စတန် ရဲများက ဖမ်းဆီး ခဲ့သည်။ ထို့ကြောင့်လည်း အဗ္ဗူဒူလာ သည် သမိုင်းတွင် အသက် အငယ်ဆုံး အကြမ်းဖက် သမားအဖြစ် မှတ်တမ်းဝင် ခဲ့ပြီ ဖြစ်သည်။

၎င်းအား အာဖဂန်နစ္စတန်- ပါကစ္စတန် နယ်စပ်တွင် ဖောက်ခွဲရေး ပစ္စည်းများ အပြည့် ထည့်ထားသည့် ဂျာကင်ကို ၀တ်ဆင် ထားလျှက် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

တာလီဘန် တို့က အသေခံ ဗုံးခွဲသမားအဖြစ် လေ့ကျင့် သင်ကြားထားပေးကြောင်း ယုံကြည် ရသည့် အဗ္ဗူဒူလာ ကို ပါကစ္စတန်က အာဖဂန်နစ္စတန် အစိုးရထံ ပြန်လည် လွှဲပြောင်း ပေးလိုက်ပြီးနောက် ကဘူးမြို့တော်တွင် လုံခြံုရေး အထူးတိုးမြှင့်ပြီး အကျဉ်းချထားသည်။ ၎င်းသည် အာဖဂန်နစ္စတန် ၏ အသက် အငယ်ဆုံး အကျဉ်းသားလည်း ဖြစ်လာခဲ့သည်။

ရဲများ၏ အဆိုအရ အဗ္ဗူဒူလာသည် ဂျီဟတ် အမည်ရှိ မြင့်မြတ်သော ဘာသာရေး စစ်ပွဲအတွက် အသေခံရန် တာလီဘန်တို့၏ ၀ါဒ မှိုင်းတိုက်မှုကြောင့် အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန် တောင်တန်းဒေသကို ဖြတ်ကျော်ဝင်ရောက် လာခြင်း ဖြစ်နိုင်ကြောင်း ပါကစ္စတန် ရဲဌာနက သုံးသပ် ခန့်မှန်းထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here