Windows 7 ကိုလည်း သုံးစွဲသူများ သံသယရှိနေကြ

alt

မိုက္ကရိုဆော့(ဖ်) ကော်ပိုရေးရှင်း မှ ထုတ်လုပ်တော့မည့် ဝင်းဒိုးလ် ဆဲဗင်း  သည် ဝင်းဒိုးလ် ဗစ်စတာ တွင် ပေါ်ပေါက်ခဲ့သော ပြဿနာများ ကို အမှန်တကယ် ပြုပြင် နိုင်မည်လားဟု သုံးစွဲသူများ က သံသယ ရှိနေကြသည်။

ဝင်းဒိုးလ် ဗစ်စတာ ၏ လုံခြံုရေး အားနည်းချက်များသည် ဝင်းဒိုးလ် စနစ် ကွန်ပြူတာ သုံးစွဲသူများ အတွက် ခြောက်လှန့် နေဆဲဖြစ်ပြီး မိုက္ကရိုဆော့(ဖ်) အပေါ် ယုံကြည်မှုမှာလည်း ကျဆင်းလာခဲ့သည်။

မိုက္ကရိုဆော့(ဖ်) အနေနှင့် ဝင်းဒိုးလ် ဆဲဗင်း သည် အပြည့်ဝဆုံး လုံခြံုမှုကို ပေးစွမ်းနိုင်မည်ဟု အာမခံထားသည့်တိုင် သုံးစွဲသူအများစုက အော်ပရေးရှင်း စနစ်အသစ် အပေါ် အပြည့်အဝ မယုံရဲဟု ဆိုသည်။

Microsoft ၏ အဆိုအရ Windows 7 သည် Vista ထက် လုံခြံုမှုပိုင်း ပိုမိုမြင့်မားရုံ မျှမက အသုံးပြုသူ အတွက် ကိုက်ညီမှုရှိအောင် အထူး စီမံထားသည့် အော်ပရေးရှင်း စနစ် ဖြစ်ကြောင်း အာမခံထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here