ထို််င်းနိုင်ငံတွင် ဆန္ဒပြမှုများ တကျော့ပြန်ကြီးထွား

alt

ထိုင်းနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တကျော့ပြန် ပေါ်ပေါက် လာပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာ ၀တ်ထရာ ကို ထောက်ခံသည့် ဆန္ဒပြသူ တသိန်းကျော်သည်

ဧပြီလ (၈) ရက်နေ့မှ စပြီး ဘန်ကောက် မြို့တော်တွင် စုရုံးဆန္ဒပြ နေကြပြီ ဖြစ်သည်။

ဧပြီလ (၉) ရက်နေ့တွင် အနီရောင် ၀တ်ဆင်သော ဆန္ဒပြသူများသည် လက်ရှိ အာဏာရ ၀န်ကြီးချုပ် အဗီဆစ် ဗီဂျဂျီဗား အား အစိုးရ အဖွဲ့မှ ရာထူးနေရာ (၃) နေရာထက် မနည်းကို (၂၄) နာရီအတွင်း အပြောင်းအလဲ လုပ်ပေးရန် ရာဇသံပေးပို့ တောင်းဆို လိုက်သည်။

အာဏာရှင် စနစ်ကို ဆန့်ကျင်သော ဒီမိုကရေစီ စစ်မျက်နှာ အင်အားစု (UDD) ဟု အမည် ပေးထားသော အစိုးရ ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင် ဂျာတူပေါင် ပရွမ်ဖန် က အစိုးရက သီးသန့် ဖွဲ့စည်းထားသည့် ကောင်စီအဖွဲ့ မှ အကြီးအကဲ ပရမ်တင် ဆူလန်နွန်ဒါ နှင့် အခြားသော ကောင်စီအဖွဲ့ဝင် ရာထူး (၂) နေရာအား အသစ် ရွေးချယ်ရန် ၀န်ကြီးချုပ် အဘီဆစ် ထံ တောင်းဆိုကြောင်း၊ ထိုတောင်းဆိုမှု ကို (၂၄) နာရီအတွင်း မလိုက်လျောပါက ကြီးကြီးမားမား သပိတ် မှောက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ရာဇသံ ပေးပို့ထားသည်။

အဘီဆစ် ကမူ ယခုကဲ့သို့ စိန်ခေါ်မှုများ အတွက် လုံးဝတုန့်ပြန်မည် မဟုတ်ကြောင်း ပြောကြား လိုက်သည်။

ဘန်ကောက်မြို့တော် ရဲဌာနအဖွဲ့ ဒုတိယ အကြီးအကဲ ရဲမှူးချုပ် ဂျက်သစ် ချိုင်ချင်ဒါး က ဧပြီလ (၇) ရက်နေ့ ညနေ (၆) နာရီခန့်မှ စပြီး ဆန္ဒပြသူဦးရေမှာ တသိန်းဦးရေ အထက်သို့ တဖြည်းဖြည်း တက်လာကြောင်း ထုတ်ဖော် ဝန်ခံလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here