MTV သမို်င်းတလျှောက် အကောင်းဆုံး တေးအယ်လ်ဘမ် စာရင်းများ

alt

MTV ၏ သမိုင်းတလျှောက် အကောင်းဆုံး အယ်လ်ဘမ် အဖြစ် မိုက်ကယ် ဂျက်ဆင် ၏ Thriller အယ်လ်ဘမ် က ရွေးချယ် ခံရသည်။ လက်ရှိအချိန်တွင် အသက် (၅၀) ရှိပြီ ဖြစ်သော ဂျက်ဆင်အဖို့ (၁၉၈၂) ခုနှစ်က ၎င်းထုတ်လုပ်ခဲ့သော တေး အယ်လ်ဘမ် သည် ယခုတိုင် MTV ပရိသတ်များ အပေါ် လွှမ်းမိုးနိုင်စွမ်း ဩဇာ ရှိနေဆဲ ဆိုသည်ကို သိရှိရသဖြင့် အံ့ဩ ကျေနပ်စရာ ဖြစ်ခဲ့ရသည်။

Thriller အယ်လ်ဘမ်ထဲတွင် ဂျက်ဆင်၏ လူသိ အများဆုံး သီချင်းများ ဖြစ်သော Billie Jean၊ Beat it၊ The Girl Is Mine တို့ကဲ့သို့ သီချင်းများ ပါ၀င်နေခြင်းကလည်း Thriller ၏ ဩဇာကို ပိုမိုကြီးထွား စေခဲ့ကြောင်း MTV မှ ကြေညာသည်။

ယခုစစ်တမ်းကို ဗြိတိန်အခြေစိုက် MTV2၊ VH1 နှင့် MTV တို့က ကျွမ်းကျင်သူများ၊ အနုပညာရှင်များ၊ တေးစီးရီး အယ်လ်ဘမ် ထုတ်လုပ်သူများ ၏ အကူအညီဖြင့် ကောက်ခံ ပြုစုခဲ့ခြင်း ဖြစ်ပြီး မဲပေးသူ (၄၀၀၀၀) ကျော်က စိတ်ဝင်တစား ပါ၀င်မဲပေးခဲ့ခဲ့သည်ဟု သိရှိရသည်။

ကောက်ခံ ရရှိသော စစ်တမ်းအရ ပရိသတ်ကို လွှမ်းမိုးမှု အရှိဆုံး အယ်လ်ဘမ်များ စာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်။

  • Michael Jackson – ‘Thriller’
  • Craig David – ‘Born To Do It’
  • Guns N’ Roses – ‘Appetite For Destruction’
  • Radiohead – ‘OK Computer’
  • Nirvana – ‘Nevermind’
  • Oasis – ‘(What’s The Story) Morning Glory?’
  • Oasis – ‘Definitely Maybe’
  • U2 – ‘The Joshua Tree’
  • Arctic Monkeys – ‘Whatever People say I Am, That’s What I’m Not’
  • Amy Winehouse – ‘Back to Black’
  • The Strokes – ‘Is This It?’
  • Kanye West – ‘The College Drop Out’
  • The Stone Roses – ‘The Stone Roses’
  • Eminem – ‘The Marshall Mathers LP’
  • The Smiths – ‘The Queen Is Dead’
  • Rage Against The Machine – ‘Rage Against The Machine’
  • Prince and The Revolution – ‘Purple Rain’
  • REM – ‘Automatic For The People’
  • Usher – ‘8701’
  • Pixies – ‘Doolittle’
  • The Notorious B.I.G – ‘Ready To Die’
  • Lauryn Hill – ‘The Mis-education of Lauryn Hill’
  • Human League – ‘Dare’
  • Jay-Z – ‘Blueprint’
  • Dizzee Rascal – ‘Boy In Da Corner’
  • Mary J. Blige – ‘What’s the 411?’

LEAVE A REPLY

Please enter your comment!
Please enter your name here