ရစ်ဘာရီအား ပြောင်းရွှေ့ ခွင့်ပေးမည် မဟုတ်ဟု ဘိုင်ယန် နည်းပြပြော

alt

အပြောင်း အရွှေ့ ဈေးကွက်တွင် သတင်းကြီး နေသော ၎င်းတို့၏ ကွင်းလယ်လူ ဖရန့် ရစ်ဘာရီအား အသင်း ပြောင်းရွှေ့ခွင့် ပေးမည် မဟုတ်ကြောင်း ဂျာမနီ ချန်ပီယံ ဘိုင်ယန် မြူးနစ် အသင်း နည်းပြကြီး ဂျာဂင် ကလင်းစမန်း က ပြောကြား လိုက်သည်။

အသက်(၂၅) နှစ်ရှိ ပြင်သစ် လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်အား စပိန်ထိပ်သီး ဘာစီလိုနာ၊ အင်္ဂလန် နှင့် ဥရောပချန်ပီယံ မန်ချက်စတာ ယူနိုက်တက် တို့က စိတ်ဝင်စား နေကြောင်း သတင်းများအား ကလင်းစမန်းက ယခုလို တုံ့ပြန် လိုက်ခြင်း ဖြစ်သည်။

ရစ်ဘာရီသည် အသင်းနှင့် (၂၀၁၁) ထိ စာချုပ်ထားပြီး ၎င်းအားရောင်းချ သွားရန်လည်း တခါမှ မစဉ်းစားဖူးကြောင်း ကလင်းစမန်း က ဆိုသည်။ ရစ်ဘာရီသည် အသင်း၏ အဓိက ကစားသမား တဦး ဖြစ်နေသောကြောင့် ဟုဆိုသည်။

ဘိုင်ယန်သည် ရစ်ဘာရီ ကဲ့သို့ ထိပ်သီး ကစားသမားများကြောင့် ဥရောပ၏ မည်သည့် အသင်းကိုမဆို ယှဉ်နိုင်ကြောင်း၊ ထိုသို့သော အသင်းမျိုး အင်အား ယုတ်လျော့သွားမည့် လုပ်ဆောင်မှုမျိုး ဘယ်သော အခါမျှ ပြုလုပ်မည် မဟုတ်ကြောင်း ကလင်းစမန်းက မတ်ချ် နာမာကာ သတင်းစာ သို့ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here