ဇင်ဘာဘွေ အကျဉ်းထောင် မှတ်တမ်း ဗီဒီယိုထွက်လာ

alt

သမတ ရောဘတ် မူဂါဘီ လက်ထက် ဇင်ဘာဘွေ အကျဉ်းထောင်များ ၏ ဆိုးရွား စုတ်ပြတ်လှသော အခြေအနေကို ရိုက်ကူး ထားသည့် ဗီဒီယို မှတ်တမ်းတခု ထွက်ပေါ်လာကြောင်း သိရသည်။

ထို ဗီဒီယိုတွင် ပါ၀င်သော မြင်ကွင်းများ အရ ဇင်ဘာဘွေ အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ဆုံးရှုံးမှုများ ကြီးကြီးမားမား ရှိနေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ ပိန်လှီး ချည့်နဲ့နေသော အကျဉ်းသားများကြောင့် ဇင်ဘာဘွေ အကျဉ်းထောင်များတွင် သေလုမျောပါး အခြေအနေသို့ ရောက်ရှိသည် အထိ အစာရေစာ ငတ်မွတ်မှုများ ရှိနေကြောင်း ကမာ္ဘ့ လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြ ပြောကြားလိုက်သည်။

ထို ဗီဒီယိုထဲတွင် နံရိုး ပြိုင်းပြိုင်းထအောင် ကြံုလှီနေသည့် ထောင်သားတဦး ၏ ပုံကိုလည်း ထည့်သွင်းရိုက်ကူး ထားသည်။Hell Hole ဟု အမည်ပေးထားသော အဆိုပါ မှတ်တမ်း ဗီဒီယိုကို ရိုက်ကူးခဲ့သည့် ဂွတ်နိုး နဲ က အကျဉ်းထောင်အတွင်း နေ့စဉ် ကျွေးမွေးနေသည့် ပြောင်းဆန် စွတ်ပြုတ် ကို ထောင်အာဏာပိုင်များက တနေ့ထက်တနေ့ ပမာဏ လျှော့ပေါ့နေကြောင်း မြင်တွေ့ခဲ့ရသည်ကို ပြောကြားခဲ့သည်။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့များနှင့် ဇင်ဘာဘွေ ထောင်သားဟောင်းများက မူဂါဘီ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများအား နှိပ်ကွပ်မှုများ ရှိကြောင်း စွပ်စွဲခဲ့ရာ ယခု မှတ်တမ်း ဗီဒီယိုကြောင့် စွပ်စွဲမှုများ ပိုမို အားကောင်း လာဖွယ်ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here