လူ့ဦနှောက်ရှိ ပညာဉာဏ် နှင့် ဆိုင်သော အစိတ်အပိုင်း တည်နေရာ ဖော်ထုတ်

alt

သိပ္ပံ ပညာရှင်များက လူတဦး ၏ ပညာဉာဏ် အစွမ်းအား ထုတ်ဖော် ပေးသည့် ရင်းမြစ် နေရာသည် ဦးနှောက်၏ မည်သည့် အပိုင်းများ တွင် တည်ရှိသည်ကို ထုတ်ဖော် လိုက်နိုင်ပြီ ဖြစ်သည်။

ကျွမ်းကျင်သူများ၏ အဆိုအရ ၎င်းတို့သည် ပညာဉာဏ် တိုးတက်မှု အတွက် လှုံဆော်ပေးသော ဦးနှောက် အကန့်များ နှင့် အတူ လိင်စိတ်၊ ကြောက်စိတ်၊ ဒေါသ စိတ်တို့ကို ဖြစ်ပေါ် စေသည့် သီးခြား နေရာများ ကိုလည်း ဆန်းစစ် ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရှိ ရသည်။

ဆန်ဒီယေးဂိုး ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးနှောက် ဆေးပညာဌာန ပရော်ဖက်ဆာ ဒစ်ပ်ဂျက်စတီ က ၎င်းတို့၏ သုတေသန လုပ်ငန်း သည် ဦးနှောက် ဧရိယာအလိုက် လူ့စိတ်သဘောကို နှိုးဆွသည့် အခြေအနေများအား သိရှိစေရန် အထောက်အကူပြုခဲ့ကြောင်း ရှင်းပြခဲ့ပြီး လူတဦး၏ ပညာဉာဏ် အဆင့်အတန်းကို ဦးနှောက်က မည်သို့ သတ်မှတ်ပေးသည် ကိုပါ ရှင်းရှင်းလင်းလင်း သိမြင်စေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

၎င်းနှင့် လုပ်ဖော်ကိုင်ဖက် ဆရာဝန်တဦးဖြစ်သူ သောမတ် မိခ် တို့သည် ဦးနှောက်က ဉာဏ်ရည် ထက်မြက်မှုနှင့် သင်ယူနိုင် စွမ်းတို့အား မည်သို့မည်ပုံ လှုံ့ဆော် နှိုးဆွနိုင်သည်ကို အလေးအနက် ရှာဖွေ ခဲ့ကြသည်။ဦးနှောက်၏ မူလဖြစ်တည်ရာ အစိတ်အပိုင်းများတွင် အသိဉာဏ်ကို ထက်မြက်စေသော လှုပ်ရှားမှုမျိုး ပြုလုပ်ပေးကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခဲ့ကြသည်။

ယခုတွေ့ရှိမှုသည် အနာဂတ်ကာလတွင် သိပ္ပံပညာရှင်များ အနေနှင့် ဦးနှောက်က ခန္ဓာကိုယ် တခုလုံး၏ လုပ်ဆောင်မှု အသီးသီးကို မည်သို့မည်ပုံ ထိန်းချုပ်နေသည်ကို သိရှိလာစေမည့် လမ်းစတခု ဖြစ်ကြောင်းလည်း မိခ် က ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here