ယောဂ ကျင့်စဉ်များသည် အမျိုသမီးများ အတွက် စိတ်ဖိစီးမှုလျော့

alt

ယောဂ ကျင့်စဉ်များသည် အမျိုးသမီးများ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် ပေါ်ပေါက် လာတတ်သော စိတ်ဓာတ် ကျဆင်းမှု အခြေအနေ များကို ထက်ဝက် အထိ လျှော့ချ ပေးနိုင်ကြောင်း ပညာရှင်များက ထုတ်ဖော် ပြောဆို လိုက်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသန လုပ်ငန်းများအရ ရင်သားကင်ဆာ ဖြစ်ပွားနေသော အမျိုးသမီး လူနာများ၏ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်း တည်ငြိမ်မှု တိုးတက်လာစေရန် ယောဂကျင့်စင်က ကူညီပေးကြောင်း သိရှိလာရသည်။

Psycho-Oncology ဆေးပညာ ဂျာနယ်က ပြုလုပ်သော စစ်တမ်းတွင် ရင်သားကင်ဆာ ဖြစ်ပွားနေသော အမျိုးသမီး အယောက် (၅၀) တို့အား သီတင်း (၁၀) ပါတ်ကြာ ယောဂကျင့်စင်များ ပြုလုပ်စေခဲ့ပြီးနောက် အမျိုးသမီးထု၏ (၅၀) ရာခိုင်နှုန်းသည် စိတ်ဖိစီးမှုများ လျော့ကျသွားကြောင်း ၀န်ခံခဲ့ပြီး (၁၂) ရာခိုင်နှုန်းကမူ စိတ်၏ငြိမ်းချမ်း ပျော်ရွှင်မှုကို ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

၀ိတ်ဖောရက်စ် တက္ကသိုလ်မှ သိပ္ပံပညာရှင် တဦးဖြစ်သည့် ဆူဇန်နီ ဒန်ဟူးရား က ယောဂကျင့်စင်က ရင်သားကင်ဆာ ဝေဒနာရှင် အမျိုးသမီးများ အတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီ အမြောက်အမြား ပေးစွမ်းနိုင်ကြောင်း သက်သေ အထောက်အထား များစွာ ရှိနေသည်ဟု ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here