Spiderman မင်းသား ဒုတိယမြောက်ကလေး ရရှိဖွယ်

alt

Spiderman ရုပ်ရှင်မင်းသား တိုဘီ မက်ဂွိုင်း နှင့် အတူနေ အမျိုးသမီး အဖေါ် သည် ဂျင်နီဖာမီယာ တို့သည် ဒုတိယ မြောက် ကလေးတယောက် မွေးဖွား လာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

ကလေး အသုံးအဆောင် ပစ္စည်းများ ၀ယ်ယူ နေသည့် စုံတွဲကို တွေ့ရှိခဲ့ကြ ပြီးနောက် မက်ဂွိုင်း၏ (၂) နှစ်အရွယ် သမီးလေး ရူဘီတွင် နောက်ထပ် မောင်(သို့မဟုတ်) ညီမလေးတစ်ဦး ရလာတော့မည်ဟု Spiderman ပရိသတ်က ခန့်မှန်း နေကြသည်။

ဂျင်နီဖာတွင် ကိုယ်ဝန် ရှိနေသည်ဆိုသော မှန်းဆချက်များ အတွက် မက်ဂွိုင်းတို့ စုံတွဲက တစုံတရာ ဖြေရှင်းမှုမျိုး မပြုလုပ်သေးရာ သတင်းမှာ ပိုမိုကျယ်ပြန့် ခိုင်မာလာနေကြောင်း သိရသည်။

မက်ဂွိုင်း တို့ စုံတွဲသည် ယခုသီတင်းပါတ် အစောပိုင်းက ကယ်လီဖိုးနီးယားရှိ Sherman Oaks တွင် ကလေးအသုံးအဆောင် ပစ္စည်းများ လာရောက် ၀ယ်ယူခဲ့ကြသည်။ မက်ဂွိုင်းတို့ ဇနီးမောင်နှံအား တွေ့ရှိခဲ့သူ တဦးက ဂျင်နီဖာသည် ဈေးဝယ်နေသည့် တချိန်လုံး စိတ်လှုပ်ရှား ကျေနပ် နေဟန်ရှိကြောင်း Star မဂ္ဂဇင်းသို့ ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here