ရီဟာနာအား ရိုက်နှက်ခဲ့မှု စွဲချက် ခရစ်ဘရောင်း ငြင်းဆိုလျှောက်လဲ

alt

ခရစ်ဘရောင်းက ၎င်းအနေနှင့် ရီဟာနာအား ရိုက်နှက်ခဲ့သည် ဆိုသော စွဲချက်အပေါ် အပြစ်မရှိကြောင်း တရားရုံးတွင် ငြင်းဆန်သွားခဲ့သည်။

လော့စ်အိန်ဂျယ်လိစ် တရားရုံးတော်သို့ ရှေ့နေ မတ်ဂါရာ ဂိုးစ်နှင့် အတူ ရောက်ရှိလာသည့် အသက်(၁၉) နှစ်အရွယ် အဆိုတော်သည် ၎င်း၏ချစ်သူ နာမည်ကြီး R&B အဆိုတော် ရီဟာနာအား မရိုက်နှက်ခဲ့ကြောင်း အေးအေးဆေးဆေးပင် ရုံးတော်၌ လျှောက်လဲ သွားသည်။

၎င်းသည် ပြစ်မှုထင်ရှားပါက နှစ်နှင့် ချီကြာမြင့်သော ထောင်ဒါဏ်တရပ် ချမှတ် ခံရနိုင်ကြောင်း သတင်းများက ဖော်ပြနေသည့်တိုင် ၀တ်စုံနက်နှင့် တရားရုံး လာရောက်သော ဘရောင်းသည် သက်သက်သာသာ အမူအယာမျိုး ရှိနေကြောင်း တရားရုံးတွင် သွားရောက် သတင်းယူခဲ့သည့် မီဒီယာများက ပြောကြားခဲ့သည်။

မတ်လ အတွင်းက ရီဟာနာအား ရိုက်နှက်မှုဖြင့် ရဲက ဖမ်းဆီးခြင်း ခံခဲ့ရသော ဘရောင်းသည် ရီဟာနာနှင့် ပြတ်စဲခဲ့ပြီဟု သတင်းကြီး နေသလို အသက်(၂၁)နှစ်ရှိ အဆိုတော်မလေးမှာလည်း ဇာတိနိုင်ငံ ဘာဘေးဒိုး သို့ ပြန်သွားခဲ့သည်။

ဘရောင်း၏ ငြင်းဆန် လျှောက်လဲမှုနှင့် စပ်လျဉ်းပြီး ဘာဘေးဒိုးရှိ ရီဟာနာ ၏ ဖခင်က “ကျုပ် သမီးမျက်နှာက မြင်မကောင်း ရှုမကောင်း ဒါဏ်ရာတွေက အဲဒီကောင်လုပ်တာ မဟုတ်လို့ ဘယ် xxxxxx ရဲ့ လက်ချက်လဲဗျ”ဟု သတင်းထောက်များ အား ဒေါသတကြီး ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here