အိုဘားမား၏ အီရတ် ခရီးစဉ် အမေရိကန် စစ်သားများ ပျော်ရွှင်ကြ

alt

သမတ ဘာရက်အိုဘားမား အီရတ်သို့ လာရောက်သည့် အတွက် အီရတ် အခြေစိုက် အမေရိကန် တပ်မတော် သားများ ပျော်ရွှင် ၀မ်းမြောက် ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် သမတကြီး သည် ဧပြီလ (၇) ရက်နေ့က ဘဂ္ဂဒက်မြို့ ဗစ်တိုးရီးယား စစ်စခန်းသို့ သွားရောက် လည်ပတ်ခဲ့ရာ ထိုစခန်းရှိ စစ်သည် (၆၀၀) ကျော်တို့က ၎င်းတို့၏ စစ်ဦးစီးချုပ်အား ပျော်ရွှင်စွာ ပွေ့ဖက် ကြိုဆိုခဲ့ကြသည်။

အိုဘားမားသည် ထိုစခန်းသို့ ရောက်ရှိ နေစဉ်အတွင်း အမေရိကန် တပ်များ (၂၀၁၀)၊ ဩဂုတ်လ မတိုင်မီ အီရတ် မှ အပြီး ရုတ်သိမ်းရန် ထပ်မံ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိ အချိန်တွင် အီရတ်၌ စစ်မှုထမ်းနေသည့် အမေရိကန် စစ်သည် ဦးရေမှာ (၁၃၉၀၀၀) ကျော်ရှိပြီး အိုဘားမား အီရတ်သို့ သမတအဖြစ် ပထမဆုံး သွားရောက်သည့် ဧပြီ (၇) ရက်နေ့ထိ အမေရိကန် စစ်သည် ဦးရေ (၄၂၆၆) ဦး အီရတ်တွင် ကျဆုံး ခဲ့ပြီးဖြစ်သည်။

အိုဘားမားက သမတဟောင်း ဂျော့ဘုရှ် လက်ထက်က အဆုံးမသတ် နိုင်ခဲ့သော အီရတ် အခြေအနေ အား အမြန်ဆုံး ပြောင်းလဲသွားရန် စီစဉ်နေပြီး အီရတ် အစိုးရသည် အမေရိကန် စစ်သားများ၏ အကူအညီ မယူဘဲ သီးသန့်ရပ်တည် နိုင်လိမ့်မည်ဟု ပြောကြား ထားသည်။

အိုဘားမား ဘဂ္ဂဒက်သို့ ရောက်ရှိသောနေ့ တွင်ပင် မြို့တော်အနောက် မြောက်ဘက် လူနေ ရပ်ကွက် တခုအတွင်း ကား ဗုံးပေါက်ကွဲရာ အရပ်သား (၂၀)ကျော် ဒါဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here