ဒုံးပျံ လွှတ်တင်ပြီးနောက် ကင်ဂျုံအီအား လူမြင်ကွင်းတွင် တွေ့မြင်ကြရ

alt

နိုင်ငံတကာ နှင့် ဆက်ဆံရေး ဆိုးရွား စေရန် ဦးတည် သွားစေသော ဒုံးပျံအား လွှတ်တင် ခဲ့ပြီးနောက် မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျံုအီ တယောက် ၎င်း ကျန်းကျန်းမာမာ ရှိနေကြောင်း လူလုံးပြမှု များ ပြုလုပ်ခဲ့သည်။

လက်နက် အင်အားကြီး ကွန်မြူနစ်နိုင်ငံ၏ ခေါင်းဆောင် သည် ၎င်းအနေနှင့် နိုင်ငံ အာဏာကို ဆက်လက် ချုပ်ကိုင် ထားနိုင်အောင် ကျန်းမာရေး ကောင်းမွန် နေဆဲဟု သတင်းဌာနများ မှတဆင့် သက်သေပြခဲ့သည်။

နျူကလီးယား လက်နက် ပိုင်ဆိုင်သော ကမာ္ဘ့အထီးကျန် နိုင်ငံ ၏ အသက် (၆၇) နှစ်အရွယ် ခေါင်းဆောင်ကြီး သည် ဧပြီလဆန်းပိုင်းက ပါလီမန် အစည်းအဝေးတွင် ပြန်လည် ထွက်ပေါ်လာပြီး ၎င်း၏ ကျန်းမာရေး အလွန်ဆိုးရွား နေကြောင်း ခန့်မှန်းချက်များအား မှားယွင်း ကြောင်း သက်သေပြခဲ့သည်။

ဧပြီလ (၆) ရက်နေ့ကမူ ချိုဆန်ဟု အမည်ပေး ထားသည့် ဒုံးပျံလွှတ်တင်မှုကို ခေါင်းဆောင်ကြီး လာရောက် ကြည့်ရှုကြောင်း မြောက်ကိုရီးယား သတင်းဌာနများက စက္ကန့်(၂၀)ကြာ ဗီဒီယို အပိုင်းလေး ထုတ်လွှင့် ပြသခဲ့သည်။

အဆိုပါ ဒုံးပျံလွှတ်တင်မှု အတွက် မြောက်ကိုရီးယားအား အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံများက အပြင်းအထန် ကန့်ကွက်နေသော်လည်း မြောက်ကိုရီးယားကမူ ထိုဒုံးပျံသည် စစ်ရေး ရည်မှန်းချက်ဖြင့် လွှတ်တင်ခြင်းမဟုတ်ဘဲ ဆက်သွယ်ရေးဂြိုဟ်တုအား ကမာ္ဘပတ်လမ်း အတွင်း လွှတ်တင်ခဲ့ခြင်း သာဖြစ်ကြောင်း ဖြေရှင်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here