စကော့တလန် တော်ဝင်ဘဏ်မှ ဝန်းထမ်းများ လျှော့ချမည်

alt

စကော့တလန် တော်ဝင်ဘဏ်သည် လာမည့် (၂)နှစ်တာ ကာလ အတွင်း ဗြိတိန်နိုင်ငံမှ လုပ်သားဦးရေ (၄၅၀၀)ထိ လျှော့ချသွားရန် စီစဉ်ထားကြောင်း အတည်ပြု ကြေညာ လိုက်သည်။

စကော့တလန် တော်ဝင်ဘဏ် သည် ယခုအချိန်ထိ လုပ်သားဦးရေ စုစုပေါင်း၏ (၇) ရာခိုင်နှုန်းနှင့် ညီမျှသော အလုပ်သမား (၇၂၀၀) ကို အလုပ်နေရာများမှ ထုတ်ပယ် ခဲ့ပြီးဖြစ်သည်။

နည်းပညာ ပိုင်းဆိုင်ရာ ၀န်ထမ်းများ အပါအဝင် ပျမ်းမျှတစ်နှစ်လုပ်ခ ပေါင်စတာလင် (၂၁၀၀၀) မျှရရှိနေသော ၀န်ထမ်းများ အများဆုံး ထုတ်ပယ် ခံရဖွယ်ရှိကြောင်း ဘဏ်ဘုတ်အဖွဲ့က ကြေညာခဲ့ပြီး အဓိကအားဖြင့် လန်ဒန်၊ ဘရစ်စတိုနှင့် မန်ချက်စတာ မြို့ကြီးများရှိ ဘဏ်ခွဲများမှ ၀န်ထမ်းများအား အများဆုံး လျှော့ချသွားမည် ဟုလည်း ပြောကြားထားသည်။

စီးပွားပျက်ကပ် စတင်ချိန်မှ စပြီး ပေါင်စတာလင် (၂၄) ဘီလျံ အရှုံးပေါ်ထားသော ဘဏ်ကြီးသည် နိုင်ငံရပ်ခြား ဘဏ်ခွဲများမှ ၀န်ထမ်း (၄၅၀၀) ကိုလည်း အလုပ်မှ ထုတ်ပယ် ခဲ့ပြီးဖြစ်သည်။ နောက်ထပ် အလုပ်နေရာများ လျှော့ချလိုက်ခြင်းဖြင့် တနှစ်လျှင် ၀န်ထမ်းလစာ ပေါင်စတာလင် (၂.၅) ဘီလျံခန့် အကုန်အကျ သက်သာ သွားစေရန် ဘဏ်အုပ်ချုပ်သူများက ရည်မှန်းချက် ထားရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here