ချဲလ်ဆီးအသင်းတွင် ဂူးလ်ဟစ်ဒင့် မရှိပါက အန်ဆလော့တီ အား ခေါ်ယူမည်ဟုဆို

alt

အင်္ဂလန် ထိပ်သီး ဘောလုံးအသင်း ချဲလ်ဆီးက ၎င်းတို့၏ ယာယီနည်းပြ ဂူးဟစ်ဒင့်ကို လက်လွတ် ဆုံးရှုံးခဲ့ပါက အီတလီ နာမည်ကြီးကလပ် အေစီမီလန်မှ နည်းပြကြီး ကာလို အန်ဆလော့တီ အား ခေါ်ယူ သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ချဲလ်ဆီး အသင်းပိုင်ရှင် ရုရှားဘီလျံနာ ရိုမန် အေဗရာမိုဗစ်သည် ရုရှား လက်ရွေးစင်အသင်း နည်းပြဖြစ်သူ ဟစ်ဒင့်အား (၆) လမျှ ချဲလ်ဆီးကို ပူးတွဲ ကိုင်တွယ်ပေးပါရန် ပန်ကြားထားပြီး ဘောလုံးရာသီ ကုန်ဆုံးချိန်တွင် ဟစ်ဒင့်မှာ ချဲလ်ဆီးနည်းပြ ရာထူးကို ကျောခိုင်းစွန့်ခွာဖွယ်ရှိသည်။

အန်ဆလော့တီသည် လက်ရှိ အီတလီ စီးရီးအေ အသင်းနည်းပြများ အားလုံးအနက် သက်တမ်း အရှည်ဆုံး နည်းပြဖြစ်ပြီး အီတလီထိပ်သီး အေစီမီလန်ကို ကိုင်တွယ်နေသည်မှာ (၂၀၀၁)ခုနှစ် ကတည်းက ဖြစ်သည်။ ချဲလ်ဆီးအသင်းသည် ထုတ်ပယ်ခဲ့သော နည်းပြဟောင်း လူးဝစ်ဖိလစ် စကိုလာရီကို လျော်ကြေး အရစ်ကျ ပေးချေနေရဆဲ ဖြစ်သော်လည်း အေစီမီလန်အား နစ်နာကြေးပေးပြီး အန်ဆလော့တီအား ခေါ်ယူသွားရန် ကြံစည် နေသည်။

မီလန်မြို့တော် အခြေစိုက် အသင်းကြီးက ၎င်းတို့ နည်းပြအား အဆုံးရှုံးခံရန် အလိုမရှိသော်လည်း ချဲလ်ဆီးကမူ အေစီမီလန်မှ တိုက်စစ်မှူး အင်ဒရီရှက်ချင်ကို အား ခေါ်ယူခဲ့သည့် နည်းလမ်း အတိုင်း အန်ဆလော့တီ ကိုလည်း အသင်းသို့ အရောက်ခေါ်နိုင်မည်ဟု ယုံကြည် မျှော်လင့်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here