အိနိ္ဒယ Tata မော်တော်ကား ထုတ်လုပ်ရေး မြန်မာနိုင်ငံတွင် လုပ်ငန်း တည်ထောင်မည်

alt

အိနိ္ဒယ အခြေစိုက် Tata မော်တော်ကား ထုတ်လုပ်မှု လုပ်ငန်းစုက မြန်မာနိုင်ငံ အတွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းတခု တည်ထောင် သွားရန် စီစဉ် နေကြောင်း ကြေညာချက် ထုတ်ပြန် လိုက်သည်။

ဧပြီလ (၇)ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ Tata သည် မြန်မာနိုင်ငံ အတွင်း ကုန်တင် ကားကြီးများ ထုတ်လုပ်မည့် စက်ရုံခွဲ တခု တည်ထောင် သွားရန် စီစဉ်ထားပြီး နှစ်စဉ် ကုန်တင်ကားစင်းရေ (၁၅၀၀) မျှ ထုတ်လုပ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။

ထို အစီအစဉ်အတွက် Tata က ဒေါ်လာသန်း(၂၀)ခန့် မြှုပ်နှံသွားမည်ဟု မြန်မာအစိုးရအား ကမ်းလှမ်းထားကြောင်း နယူးဒေလီ သတင်းရပ်ကွက်က ဖော်ပြလျှက် ရှိနေကြသည်။

Tata မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တဦးက ကုန်တင်ယာဉ် အကြီးစားများ မြန်မာနိုင်ငံ အတွင်း စက်ရုံတည်ထောင် ထုတ်လုပ်သွားမည့် အစီအစဉ်ကို အတည်ပြုခဲ့ပြီး ယခုအခါ စီမံကိန်း အသေးစိတ်ကို စီစဉ်ရေးဆွဲနေပြီဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ အတွင်းရှိ မည်သည့်ဒေသတွင် စက်ရုံတည်ထောင်မည်ကို Tata က မကြေညာသေးပေ။

ယခု စီမံကိန်းအတွက် မြန်မာအစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်သော အိန္ဒိယ အစိုးရကလည်း ငွေကြေးထောက်ပံ့ ပေးဦးမည်ဟု Tata ကုမ္ပဏီက မျှော်လင့်လျှက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here