မန်ယူအသင်း ဆီမီးဖိုင်နယ်ရောက်ဖို့ ခက်ခဲသွားပြီဟု ဖာဂူဆန်ပြောကြား

alt

ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်တွင် နောက်တဆင့် တက်ရေး အလွန်ခက်ခဲ သွားပြီဟု မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာ အဲလ်လက် ဖာဂူဆန်က ၀န်ခံခဲ့သည်။

ဧပြီလ (၇) ရက်နေ့က အင်္ဂလန်နိုင်ငံ အိုးထရက်ဖို့တ် ကွင်းကြီးတွင် ဥရောပ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် နှင့် ပေါ်တူဂီကလပ် ပေါ်တို တို့ ယှဉ်ပြိုင် ကစားခဲ့ရာ (၂)ဂိုးစီ သရေကျခဲ့ရသည်။

အိမ်ကွင်းတွင် (၂)ဂိုး ပေးလိုက်ရသော မန်ချက်စတာ အနေနှင့် အဝေးကွင်းတွင် အနိုင် မရရအောင် ကြိုးစား ရုန်းကန်ရတော့မည် ဖြစ်ပြီး ပေါ်တို ကမူ (၀-၀)၊ (၁-၁) စသော ရလဒ်များ ပိုင်ဆိုင်ရုံဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည် ဖြစ်သည်။

မန်ချက်စတာ အတွက် ၀ိန်းရွန်နီ နှင့် ကားလို့စ် တီဗက်စ်တို့က ဂိုးများ သွင်းခဲ့သလို ပေါ်တို အတွက် ဂိုးများကို ရော့ဒရီဂွတ် နှင့် ဂွန်ဇာလက် တို့က သွင်းယူပေးခဲ့သည်။

မန်ချက်စတာ အနေနှင့် ယခုကဲ့သို့ အိမ်ကွင်း သရေ ရလဒ်ကြောင့် ပေါ်တူဂီမြေတွင် အပြင်းအထန် ဖိအားပေးမှု ခံရနိုင်ဖွယ်ရှိသည်။ အခြားသော ကွာတား ဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်ကလပ် အာဆင်နယ်က စပိန်ကလပ် ဗီလာရီးရဲလ် အား အဝေးကွင်းတွင် (၁)ဂိုးစီ သရေ ကစားနိုင်သဖြင့် နောက်တဆင့် တက်ရေး အခြေအနေ အတော်လေး ကောင်းသွားပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here