အမေရိကန် စစ်တပ်အတွက် F-35 တိုက်လေယာဉ်များ ထုတ်လုပ်သွားမည်

alt

ကမာ္ဘကျော် လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုကြီး Lockheed Martin ၏ အမှုဆောင် ဘုတ်အဖွဲ့က အမေရိကန်ရှိ ပန်တဂွန် စစ်ဌာနချုပ်သည် လာမည့် (၅)နှစ်အတွင်း F-35 တိုက်လေယာဉ်များ ထုတ်လုပ်ပေးသွားရန် ကုမ္မဏီအား တိုက်တွန်း လိုက်ကြောင်း ကြေညာ လိုက်သည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အတွင်းရေးမှူး ရောဘတ်ဂိတ် က အမေရိကန် အစိုးရသည် F-35 လေယာဉ်များ စမ်းသပ်မှုနှင့် ထုတ်လုပ်မှု လျင်မြန်စေရေး ရံပုံငွေခွင့်ပြုရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

Lockheed Martin ၏ အဆိုအရ ကာကွယ်ရေး ၀န်ကြီးဌာနသည် လက်ရှိ အမေရိကန် လေတပ်၏ မဟာဗျူဟာ အမြောက်ဆုံး လေတပ်တိုက်ခိုက်ရေး ယန္တယားများဖြစ်သော F-22 အသံတိတ် တိုက်လေယာဉ်များ ထုတ်လုပ်နေမှုကို ဆိုင်းငံ့ပြီး F-35 များ အမြန်ဆုံး ထုတ်လုပ်ရန် ဖိအားပေးလာကြောင်း သိရှိရသည်။

မူလက F-35 စီမံကိန်းကို (၂၀၁၆)ခုုနှစ် နောက်ပိုင်းကျမှ အပြီးသတ်ရန် စီစဉ်ထားသော်လည်း အမေရိကန်အစိုးရက အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းလျှက်ရှိသည်။ F-22 များ ပုံမှန်ထုတ်လုပ်နေမှုကို ရပ်တန့်ပြီး F-35 လေယာဉ်များ ထုတ်လုပ်ရေးအတွက် အမေရိကန် အစိုးရက အဘယ်ကြောင့် အရေးတကြီး တိုက်တွန်းနေသည်ကို မသိရကြောင်း Lockheed Martin ကဆိုသည်။

Lockheed Martin ၏ အမှုဆောင်တဦးဖြစ်သူ မက်စတီဗင်ဆင်က ၎င်းတို့အနေနှင့် အမေရိကန်အစိုးရ၏ ကာကွယ်ရေး ပေါ်လစီ ပြောင်းလဲမှုအတိုင်း အလိုက်သင့် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ယခု အချိန်တွင် F-22 ထုတ်လုပ်ရေး အတွက် အသုံးချထားသော ၀န်ထမ်း (၁၈၀၀၀) အနက် အများစုအား F-35 စီမံကိန်းအတွက် အသုံးပြုထားသည့် ၀န်ထမ်းဦးရေ (၄၅၀၀) တွင် ပေါင်းထည့်သွားရန် စီစဉ်နေကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here