ကမ်းခြေ နေအိမ်တလုံး ဝယ်ယူရန် မီဂန်ဖော့စ် ပြင်ဆင်နေ

alt

ဟောလီးဝုဒ် မင်းသမီး မီဂန်ဖော့စ်သည် အပမ်းဖြေ ကမ်းခြေ နေအိမ်တလုံး ၀ယ်ယူရန် ပြင်ဆင် နေကြောင်း သိရှိရသည်။

အသက်(၂၃)နှစ် အရွယ် Transformers ရုပ်ရှင် မင်းသမီး ချောသည် ကယ်လီဖိုးနီးယားရှိ ဆန်တာ မော်နီကာ ဒေသအနီးတွင် ပင်လယ်ကမ်းခြေ ရှုခင်းကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မည့် နေအိမ်တလုံး ၀ယ်ယူသွားဖို့ ဆန္ဒပြင်းပြ လျှက်ရှိကြောင်း သူမ၏ မိတ်ဆွေများက ဆိုသည်။

မီဂန်၏ သူငယ်ချင်းများက မီဂန်နှင့် ချစ်သူ ဘရိုင်ယန် အော်စတန်ဂရင်း တို့သည် ပင်လယ်ကမ်းခြေ အနီး အိပ်ခန်း အရေအတွက် အတော်များများ ပါဝင်သည့် အိမ်ကြီးတလုံး ၀ယ်ယူနိုင်ရန် စုံစမ်း နေကြကြောင်း သတင်းထောက်များထံ ပြောဆို ခဲ့ကြသည်။

မီဂန်သည် ပင်လယ်ရှု မျှော်ခင်းများကို သဘောကျလေ့ရှိပြီး ဆန်တာ မော်နီကာရှိ လင်းပိုင်များ အုပ်စုလိုက် ကျက်စား ပျော်ပါးနေသည်ကို ကြည့်ရှုရလျှင် ပျော်ရွှင် နေတတ်ကြောင်း သိရသည်။

မီဂန် နှင့် ဘရိုင်ယန် တို့သည် လမ်းခွဲခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာ ခဲ့သေးသော်လည်း ယခုအခါ နှစ်ယောက်အတူ လက်တွဲပြီး အိမ်ရှာ နေပြန်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here