အချစ်ရေး အတွက် အစွမ်းထက်သည့် Spray

alt

ဖြန်းဆေး Spray တမျိုးသည် ချစ်မှု ရေးရာတွင် အစွမ်းပြလိုသော အာသီသ ရှိသည့် အမျိုးသားထု အတွက် အကြိုက်တွေ့ စေဖွယ်ရှိကြောင်း ဗြိတိန် ဆရာဝန်များက ညွှန်းဆိုလိုက်သည်။

PSF502 ဟု အမည်ပေးထားသော Spray သည် အမျိုးသားတဦး၏ လိင်ဆက်ဆံမှု အချိန်ကာလကို (၆)ဆ အထိ ဆွဲဆန့် ပေးကြောင်း သိရှိရသည်။ ဆရာဝန်များသည် PSF502 နှင့် အခြားသော ဗီအာဂရာ ဆေးဝါးများကို အမျိုးသားဦးရေ (၃၀၀) အတွင်း နှစ်စုခွဲပြီး စမ်းသပ်စေခဲ့သည်။

ဆရာဝန်များက အမျိုးသားများအား လိင်ဆက်ဆံမှု မပြုလုပ်ခင် (၅)မိနစ် အလိုတွင် သက်ဆိုင်ရာ ဆေးဝါးများကို စမ်းသပ် သုံးစွဲပါရန် ညွှန်ကြားထားခဲ့သည်။

ဘဲလဖတ်ရှိ တော်ဝင် ၀ိတိုရိယ ဆေးရုံမှ ပရော်ဖက်ဆာ ဝေါလေ့ဒင်စမိုးက Spray ကို အသုံးပြုသော အမျိုးသားများ၏ စွမ်းဆောင်နိုင်ချိန်သည် အခြားသော ဆေးဝါးများ အသုံးပြုသူများထက် သိသိသာသာ ကြာမြင့်နေကြောင်း ထောက်ခံလိုက်သည်။

ပျမ်းမျှအားဖြင့် သာမန်ထက် (၆.၃) ဆမျှ အချိန်ကြာမြင့်သော Spray သည် အလွန်ကောင်းသော ဆေးဝါးဖြစ်သည်ဟု ပရော်ဖက်ဆာ ဝေါ့လေ့ ကဆိုသည်။ အဆိုပါ Spray နှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကိ်ု ဧပြီလထုတ် BJU နိုင်ငံတကာ ဆေးပညာ ဂျာနယ်တွင် အသေးစိတ် ဖော်ပြထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here