မက္ကာရှိ ဗလီဝတ်ကျောင်းများ မျက်နှာမူရာ အရပ် မှားယွင်းနေ

alt

ဆော်ဒီ အာရေဗျနိုင်ငံရှိ မွတ်ဆလင် ဘာသာရေး အမြင့်မြတ်ဆုံး နေရာ ဖြစ်သော မက္ကာမြို့တွင် ဆောက်လုပ် ထားသည့် ဗလီကျောင်း များသည် နေရာ လွဲနေကြောင်း မက္ကာရှိ အယ်လ် ဟာရမ်း ဗလီဝတ်ကျောင်းမှ စတင် ထောက်ပြ

ဝေဖန်၍ သိရှိရသည်ဟု ဆော်ဒီ နိုင်ငံထုတ် သတင်းစာတွင် ဖေါ်ပြထားသည်။

အရေအတွက် အားဖြင့် (၂၀၀)ကျော်မျှ ရှိသော ဗလီ များသည် ဆယ်စုနှစ်များစွာ ကဘား မြင့်မြတ်သော နေရာကို ဦးတည်ရမည့် အစား ဆောက်လုပ်ရာတွင် နေရာ လွဲချော်မှုများ ဖြစ်နေသဖြင့် ၀တ်ပြုသူများ ယောင်လည်လည် ဖြစ်နေရသည်ဟု ဆိုသည်။

ဆော်ဒီ အစိုးရက အဆိုပါ ဝေဖန်မှုများကို လက်ခံခဲ့ပြီး လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့သည်။ အထူးသဖြင့် နောက်ထပ် ဆောက်လုပ်မည့် ဗလီများနှင့် ဦးတည်ချက် လွဲနေသည့် ဗလီဟောင်း များကို လေဆာ နည်းပညာဖြင့် တည့်မတ်သွားရန် ပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်လျှက်ရှိသည်။

ကဘားသည် မွတ်ဆလင် ဘာသာဝင်များ အတွက် အမြင့်မြတ်ဆုံး နေရာအဖြစ် သတ်မှတ်ထားပြီး ထိုနေရာကို ရည်စူးကာ ၀တ်ပြု ဆုတောင်းနိုုင်ရန် ဗလီများကို ၀န်းရံ ဆောက်လုပ်ထားသော်လည်း ယခုကဲ့သို့ နေရာအထားအသို လွဲမှားနေမှုမှာ စိတ်ကျေနပ်ဖွယ် မရှိကြောင်း ဘုရားဖူး လာရောက်သူများက ညည်းညူလျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here