ပါကစ္စတန် နိုင်ငံတွင် အသေခံ ဗုံးခွဲမှုဖြစ်ပွား

alt

ပါကစ္စတန် နိုင်ငံမြို့တော် အစ္စလာမ် မားဘတ်တွင် ဧပြီလ (၅)ရက်နေ့က အသေခံ ဗုံးခွဲမှုတခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၂၂)ဦးမျှ သေဆုံးပြီး လူ(၅၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန်ရှိ အယ်ကေးဒါး အကြမ်းဖက် အဖွဲ့က အဆိုပါ ဗုံးခွဲမှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ကြေညာခဲ့ပြီး အာဖဂန် နယ်စပ်တွင် အမေရိကန် စစ်တပ်က မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်နေမှုများအား ပါကစ္စတန် အစိုးရက ခွင့်ပြုထားခြင်း အတွက် လက်တုန့်ပြန်မှု အဖြစ်လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ပြောကြားသွားသည်။

ပန်ဂျပ်ပြည်နယ်၊ ဗလီဝတ် ကျောင်းတခုရှေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုအတွင်း ရဲတဦးသည် ခြေနှစ်ချောင်းလုံး ပြတ်တောက်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ပန်ဂျပ် အုပ်ချုပ်ရေးဌာန အရာရှိတဦးဖြစ်သည့် နာဆီယာ ခန်ဒူရာနီက အသေခံ ဗုံးခွဲသမားဟု ယူဆရသည့် သူအား တွေ့မြင်ခဲ့သည့် မျက်မြင် သက်သေများရှိကြောင်း ပြောကြားခဲ့သည်။

ယခု ဗုံးခွဲမှုသည် အာဖဂန် နယ်စပ်အနီး လူ(၈)ဦး သေဆုံးစေသည့် အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားပြီး နောက်တနေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် အစိုးရကမူ ယခုလုပ်ရပ် အတွက် စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here