လီဗာပူး အသင်း အခြေအနေကြောင့် ဂျရတ် စိတ်ညစ်နေ

alt

ပရီးမီးယား လိဂ်တွင် လီဗာပူးအသင်း အနေနှင့် အောင်မြင်မှုများ ကင်းကွာနေသည့် အခြေအနေ အတွက် စိတ်ညစ်မိကြောင်း စတီဖင် ဂျရတ်က ပြောကြား လိုက်သည်။

လီဗာပူးလ်သည် ဥရောပ အဆင့်တွင် ထိုက်သင့်သော အောင်မြင်မှုများ ရရှိနေသော်လည်း အင်္ဂလန် အမှတ်ပေး ချန်ပီယံဘွဲ့နှင့် ဝေးကွာနေသည်မှာ (၁၉)နှစ် လုံးလုံး ရှိနေခဲ့ပြီ ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက်သည် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်၏ ဦးဆောင်မှုနှင့် အတူ အမှတ်ပေးချန်ပီယံ အကြိမ်ကြိမ် ဖြစ်နေသော်လည်း လီဗာပူးလ်မှာတော့မူ အခြေအနေ ဆိုးမြဲ ဆိုးနေခဲ့သည်။ ယခုနှစ်တွင် ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ခြေစွမ်းပြလာပြီး မန်ချက်စတာ ယူနိုက်တက်၏ နောက် ဒုတိယနေရာမှ ကပ်လိုက်ကာ ဖိအားပေးနေသည့် လီဗာပူးလ် အနေနှင့် ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ဆွတ်ခူးနိုင်ရန် မျှော်လင့်မိကြောင်း ဂျရတ်က ဆိုသည်။

ယခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ကို (၄-၁)ဖြင့် အဝေးကွင်းတွင် အနိုင်ရရှိထားသည့် လီဗာပူးလ် အနေနှင့် မန်ချက်စတာ ခြေချော်ချိန်တွင် ဇယားထိပ်ကို ဦးဆောင်ခွင့်ရမည်ဟု ဂျာရတ်က မျှော်လင့်ထားသော်လည်း ဧပြီလ (၄)ရက် နှင့် (၅)ရက် နေ့များက ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်များတွင် နှစ်သင်းလုံး ပြိုင်ဘက်များကို အနိုင် ရခဲ့သောကြောင့် မန်ချက်စတာ ယူနိုက်တက်က (၁)ပွဲလျော့ (၁)မှတ်အသာဖြင့် ဦးဆောင်နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here