တကိုယ်တည်း ဘဝနဲ့ အသားကျနေပြီ ပြောပြန်တဲ့ အနစ္စတန်

alt

ဂျင်နီဖာ အနစ္စတန်က သူမသည် တကိုယ်တည်း ဘဝတွင် အသားကျ ပျော်ရွှင်နေပြီဟု ထုတ်ဖော် ပြောဆို လိုက်ပြန်ပြီ ဖြစ်သည်။

အသက်(၄၀) အရွယ် လှသွေးကြွယ်သည့် မင်းသမီးသည် ဂျွန်မေယာ နှင့် နောက်ဆုံးလမ်းခွဲ ခဲ့ပြီးနောက် ယခု အခါတွင် တဦးတည်း နေထိုင်လျက် ရှိသူဖြစ်သည်။

မျက်နှာများသည်ဟု ဟောလီးဝုဒ်တွင် ကျော်ကြားသော အနစ္စတန်သည် သူမ ဘဝတွင် နောက်ထပ် အိမ်ထောင် မပြုတော့ပါဟုလည်း ဖြည့်စွက် ပြောကြား လိုက်သေးသည်။

ခင်ပွန်းဟောင်း ဖြစ်သူ မင်းသား ဘရက်ပစ် နှင့် ၅နှစ်နီးပါး တွဲ၍ ကွာရှင်းပြီးနောက် သူမသည် အိမ်ထောင်ရေးကို စိတ်ကုန်သွားပြီဟု အနစ္စတန်က ၀န်ခံခဲ့သော်လည်း ဂျွန်မေယာနှင့် အတန်ကြာ ပူးလိုက်ခွာလိုက် တွဲကာ မေယာသည် အနစ္စတန်အား လက်ထပ်ခွင့်ရရန် ကြိုးပမ်းသော်လည်း နောက်ပိုင်းတွင် မင်းသမီးဘက်မှ စတင် လမ်းခွဲခဲ့ခြင်း ဖြစ်သည်ဟု မေယာက ဆိုသည်။

အခုတော့ ကျွန်မ တယောက်တည်း နေရတာ အသားကျ သွားပြီ ”ဟု အနစ္စတန်က မီဒီယာများသို့ ဆိုသည်။ သူမအနေနှင့် မေယာအား လမ်းခွဲ ခဲ့ပြီးနောက် အထီးကျန်သော ခံစားမှုမျိုး ပေါ်ပေါက်ခဲ့ သေးသော်လည်း ထိုခံစားချက်များကို မေ့ထားလိုက်နိုင်ပြီ ဖြစ်ကြောင်း၊ ယခုအခါတွင် အစစအရာရာ အဆင်ပြေနေပြီ ဖြစ်ပြီး နောက်ထပ် အချစ်ရေးကို မစဉ်းစား ပါတော့ကြောင်း အနစ္စတန်က ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here