အဆီကျဆေး နှင့် အစာကြေဆေး များပြားစွာ စားသုံးလျှင် ပိုမို အိုမင်းလွယ်

alt

အဆီကျ ဆေးများ၊ အစာကြေ ဆေးများ များပြားစွာ စားသုံးခြင်းသည် ကျန်းမာရေး အတွက် မသင့်တော် သလို အိုမင်းမှု ကိုလည်း ပိုမိုလျင်မြန် စေကြောင်း ဆရာဝန်များက ပြောကြား လိုက်သည်။

Case Western Reserve တက္ကသိုလ်မှ ဒေါက်တာ ဘဟားမန်း ဂိုင်ရွန်း ၏ သုတေသန ရလဒ် ပြောကြားချက်အရ အမျိုးသမီး (၂၀၀)ကျော်၏ ပိန်ဆေးများ မှီဝဲမှုကို စစ်တမ်း ပြုစုပြီးနောက် မျက်နှာ၏ အိုမင်းမှု ပိုမိုလျင်မြန် လာသည်ကို သတိပြုမိခဲ့ကြောင်း သိရှိရသည်။

စစ်တမ်း များတွင် ပိန်ဆေးနှင့် အစာကြေ ဆေးများကြောင့် (၁၀)ပေါင်မျှ ကိုယ်အလေးချိန် ကျဆင်းသွားသည့် အမျိုးသမီးတိုင်း (၄)နှစ်စာမျှ အိုမင်းသွားကြောင်း ဖော်ပြထားသည်။ နိုင်ငံတကာတွင် ပိန်ဆေးစားမှု တွင်ကျယ်လာသည့် အတွက် စိုးရိမ်မိကြောင်း ဆရာဝန်များက ဆိုသည်။

ပိန်ဆေးများ၊ အစာကြေ ဆေးများတွင် ပါရှိသော ဓာတု ဖွဲ့စည်းမှုများက မျက်နှာရှိ အရေပြားများကို ပျော့အိ တွဲကျသွားစေသည့် ဂုဏ် သတ္တိရှိကြောင်း ဒေါက်တာဂိုင်ရွန်းက ရှင်းပြခဲ့သည်။ ဆရာဝန်များက ပိန်ဆေး အပါအဝင် မလိုအပ်သော ဆေးစားမှုများကို တတ်နိုင်သမျှ ရှောင်ရှားကြပါရန် တိုက်တွန်း ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here