စီရော်နယ်ဒို အသင်းမှ ထွက်ခွာပါက ရစ်ဘာရီ နှင့် အစားထိုးမည်

alt

ခရစ်စတီယာနို ရော်နာဒို အသင်းမှ ထွက်ခွာပါက ဖရန့်ရစ် ဘာရီကို အစားထိုး သွားမည်ဟု မန်ချက်စတာ ယူနိုက်တက်  အသင်းကြီးက တရားဝင် သတင်းထုတ် ပြန်လိုက်သည်။

ကမာ္ဘ့အကောင်းဆုံး ဘောလုံးသမားဆုရ ပေါ်တူဂီ တောင်ပံ ကစားသမားအား စပိန် လာလီဂါချန်ပီယံ ရီးရဲလ် မက်ဒရစ်မှ ပေါင်(၇၅) သန်းဖြင့် ကမ်းလှမ်းရန် အသည်းအသန် ကြိုးပမ်း နေမှုကြောင့် ရော်နာဒိုသာ ထွက်ခွာဖြစ်လျှင် ၎င်း၏ နေရာအတွက် အသက်(၂၅)နှစ် အရွယ် ပြင်သစ် လက်ရွေးစင်ကို အစားထိုးသွားရန် မန်ချက်စတာက ကြိုတင် စီစဉ်နေခြင်း ဖြစ်သည်။

ရစ်ဘာရီအား လက်ရှိကလပ် ဘိုင်ယန်မြူးနစ်က ပေါင်(၄၅)သန်းခန့် ဈေးခေါ်ထားပြီး ရစ်ဘာရီကလည်း ဂျာမန် ချန်ပီယံအသင်း၏ တိုက်စစ်အတွက် အကောင်းဆုံး ခြေစွမ်းပြကာ အသင်းအား ဦးဆောင် နေလျှက်ရှိသည်။ မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အလက်ဖာဂူဆန်က ၎င်းသည် ရစ်ဘာရီ ဘိုင်ယန်သို့ မပြောင်းရွှေ့မီ ပြင်သစ် မာဆေး အသင်းတွင် ကစားနေစဉ် ကတည်းက ရစ်ဘာရီအား သဘောကျနေမိကြောင်း ၀န်ခံခဲ့သည်။

ဖာဂူဆန်က ရော်နာဒိုသာ အသင်းက ထွက်ခွာသွားပါက ဘယ်ညာ တောင်ပံ တိုက်စစ်သာမက ကွင်းလယ်တွင်လည်း အကောင်းဆုံး ကစားနိုင်သူ ရစ်ဘာရီကို ခေါ်ယူရန် စဉ်းစားထားကြောင်း ယမန်နေ့က ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here